TOP  >  MMR-TOP

အာအိချိ ယဉ်ကျေးမှုပေါင်းစုံစင်တာ

အာအိချိ ယဉ်ကျေးမှုပေါင်းစုံစင်တာတွင် ယဉ်ကျေးမှုပေါင်းစုံဆိုင်ရာ လူမှုဝန်ထမ်းများသည် နိုင်ငံတကာနှီးနှောဖလှယ်မှုနှင့် ယဉ်ကျေးမှုပေါင်းစုံလှုပ်ရှားမှုများနှင့် ဆက်နွယ်သော အချက်အလက်၊ အကြောင်းအရာ အမျိုးမျိုးကို ဖြည့်ဆည်းပေးပါသည်။

အလုပ်သမားရေး၊ အခွန်များ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးစသည့် ကိစ္စရပ်များနှင့်သက်ဆိုင်သည့် ဘာသာစကားမျိုးစုံဖြင့် ညှိနှိုင်းတိုင်ပင်မှုများကိုလည်း နိုင်ငံခြားသားနေထိုင်သူများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။ ရှုပ်ထွေးသောပြဿနာရပ်များအတွက် စဉ်ဆက်မပြတ်ထောက်ပံ့မှုနှင့် နေ့စဉ်ကိစ္စရပ်များအတွက် အခြေခံစကားပြန်ဝန်ဆောင်မှုများကိုလည်း ဖြည့်ဆည်းပေးပါသည်။*

*စကားပြန်ဝန်ဆောင်မှုသည် စီးပွားအကျိုးအမြတ်အတွက်မဟုတ်သော ရည်ရွယ်ချက်များအတွက်သာဖြစ်သည်။ ဤဝန်ဆောင်မှုကိုအသုံးပြုရန် ကျွန်ုပ်တို့စင်တာထံ လာရောက်ခြင်း သို့မဟုတ် ဖုန်းခေါ်ဆိုခြင်း ပြုလုပ်နိုင်ပါသည်။ ဖုန်းခေါ်ဆိုခကျသင့်ပါမည်။

★ အသေးစိတ်အချက်အလက်များအတွက် ဤလက်ကမ်းစာစောင်ကိုကြည့်ပါ (လွယ်ကူသည့် ဂျပန်ဗားရှင်း)။

အာအိချိ ယဉ်ကျေးမှုပေါင်းစုံစင်တာ

ဖွင့်ချိန်- တနင်္လာနေ့ – စနေနေ့ 10:00-18:00

ဖုန်း-052-961-7902

ယဉ်ကျေးမှုပေါင်းစုံဆိုင်ရာ လူမှုဝန်ထမ်းများကဖြည့်ဆည်းပေးသော ညှိနှိုင်းတိုင်ပင်မှုများ၊ အချက်အလက်များနှင့် အထောက်အပံ့

ယဉ်ကျေးမှုပေါင်းစုံဆိုင်ရာ လူမှုဝန်ထမ်းများသည် နိုင်ငံခြားသားနေထိုင်သူများအတွက် နေ့စဉ်ဘဝနှင့်ပတ်သက်ပြီး အချက်အလက်များ၊ ဘာသာစကားမျိုးစုံဖြင့်ညှိနှိုင်းတိုင်ပင်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

ဘာသာစကားနှင့် အချိန်ဇယား

မျက်နှာချင်းဆိုင် စကားပြန်ဝန်ဆောင်မှု

ပေါ်တူဂီဘာသာစကား၊ ဂျပန်ဘာသာစကား: တနင်္လာနေ့ – စနေနေ့ 10:00-18:00
စပိန်ဘာသာစကား- တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့၊ သောကြာနေ 13:00-18:00
အင်္ဂလိပ်ဘာသာစကား- တနင်္လာနေ့ – စနေနေ့ 13:00-18:00
တရုတ်ဘာသာစကား- တနင်္လာနေ့ 13:00-18:00
ဖိလစ်ပိုင်ဘာသာစကား/တဂါးလော့ဂ်- ဗုဒ္ဓဟူးနေ 13:00-18:00
ဗီယက်နမ်ဘာသာစကား- စနေနေ့ 13:00-18:00
နီပေါဘာသာစကား- အင်္ဂါနေ့ 13:00-18:00
အင်ဒိုနီးရှားဘာသာစကား- စနေနေ့ 13:00-18:00
ထိုင်းဘာသာစကား- ဗုဒ္ဓဟူးနေ 13:00-18:00

ဗီဒီယိုကောလ်ခေါ်ဆိုပြီး စကားပြန်ဝန်ဆောင်မှု တနင်္လာနေ့ – စနေနေ့

ဘာသာစကား-

ပေါ်တူဂီဘာသာစကား၊ စပိန်ဘာသာစကား၊ အင်္ဂလိပ်ဘာသာစကား၊ တရုတ်ဘာသာစကား၊ ဖိလစ်ပိုင်ဘာသာစကား/တဂါးလော့ဂ်၊ ဗီယက်နမ်ဘာသာစကား၊ နီပေါဘာသာစကား၊ အင်ဒိုနီးရှားဘာသာစကား၊ ထိုင်းဘာသာစကား၊ ဗမာဘာသာစကား၊ ကိုရီးယားဘာသာစကား
တနင်္လာနေ့ – စနေနေ့ 10:00-18:00

*ဒီဇင်ဘာလ ၂၉ ရက် မှ ဇန်နဝါရီလ ၃ ရက်အထိပိတ်သည်။

ယဉ်ကျေးမှုပေါင်းစုံစင်တာ လက်ကမ်းစာစောင်

လက်ကမ်းစာစောင် (PDF) ကို သင့်ဘာသာစကားဖြင့် ဒေါင်းလုတ်ဆွဲရယူရန် အောက်ရှိပန်းပွင့်သင်္ကေတကို ကလစ်နှိပ်ပါ။
ဂျပန်ဘာသာစကား၊ ပေါ်တူဂီဘာသာစကား၊ စပိန်ဘာသာစကား၊ အင်္ဂလိပ်ဘာသာစကား
ဂျပန်ဘာသာစကား၊ တရုတ်ဘာသာစကား၊ ဖီလစ်ပိုင်ဘာသာစကား/တဂါးလော့ဂ်၊ ဗီယက်နမ်ဘာသာစကား
ဂျပန်ဘာသာစကား၊ နီပေါဘာသာစကား၊ အင်ဒိုနီးရှားဘာသာစကား၊ ထိုင်းဘာသာစကား

ညှိနှိုင်းတိုင်ပင်မှုဆိုင်ရာ သာဓကများ

ယခင်က ညှိနှိုင်းတိုင်ပင်ခဲ့မှုများတွင် နိုင်ငံခြားသားနေထိုင်သူများထံမှ ကျွန်ုပ်တို့လက်ခံရရှိခဲ့သော မေးခွန်းများစုစည်းမှု ဘာသာစကားအမျိုးမျိုးဖြင့် ရရှိနိုင်သည်။

အာအိချိ လက်စွဲစာအုပ်

အာအိချိရှိ နိုင်ငံခြားသားနေထိုင်သူများအတွက် လိုအပ်သောအချက်အလက်များပါသည့် လက်စွဲစာအုပ် ဘာသာစကားအမျိုးမျိုးဖြင့် ရရှိနိုင်သည်။

နိုင်ငံခြားသားနေထိုင်သူများအတွက် အခမဲ့ ဥပဒေဆိုင်ရာညှိနှိုင်းတိုင်ပင်မှုများ

နိုင်ငံခြားသားနေထိုင်သူများအတွက် ဥပဒေဆိုင်ရာညှိနှိုင်းတိုင်ပင်မှုများ နိုင်ငံခြားသားနေထိုင်သူများအတွက် အခမဲ့ ဥပဒေဆိုင်ရာညှိနှိုင်းတိုင်ပင်မှုများ ဘာသာစကားအမျိုးမျိုးဖြင့် ရရှိနိုင်သည်။

နိုင်ငံခြားသားနေထိုင်သူများအတွက် အထူးညှိနှိုင်းတိုင်ပင်မှုများ

လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားရေးနှင့် စားသုံးသူဆိုင်ရာကိစ္စရပ်များနှင့်သက်ဆိုင်သော ပြဿနာရပ်များနှင့်ပတ်သက်ပြီး နိုင်ငံခြားသားနေထိုင်သူများအတွက် အခမဲ့ အထူးညှိနှိုင်းတိုင်ပင်မှုများ ဘာသာစကားအမျိုးမျိုးဖြင့် ရရှိနိုင်သည်။

နိုင်ငံခြားသားနေထိုင်သူများအတွက် အမြန်လမ်းညွှန်

နိုင်ငံခြားသားနေထိုင်သူများအား ပြဿနာများကူညီဖြေရှင်းပေးနိုင်သည့် အချက်အလက်များ စုစည်းမှု

ဂျပန်ဘာသာစကားပညာရေး

ဂျပန်ဘာသာစကားသင်ကြားလိုသော နိုင်ငံခြားသားနေထိုင်သူများအတွက် အချက်အလက်များ

ငလျင် သတင်းအချက်အလက်

ဘာသာစကားမျိုးစုံဖြင့်ထုတ်လွှင့်ပေးသော ငလျင်ပညာပေးရေဒီယိုအစီအစဉ်များ စုစည်းမှု။

အာအိချိ ခရီးသွားဧည့်သည်များအတွက် သတင်းအချက်အလက်

အာအိချိတွင် ရှုခင်းကြည့်ရှုနိုင်သည့်နေရာများကို ဖော်ပြထားသည့် ဝက်ဘ်ဆိုဒ်များစာရင်း

အာအိချိ ဆေးပညာဆိုင်ရာစကားပြန်စနစ်(ပြင်ပလင့်ခ်)

အာအိချိရှိ ဆေးကုသမှုအဖွဲ့အစည်းများတွင် ဘာသာစကားအတားအဆီးများကြောင့် အခက်အခဲရှိသူများအတွက် ဆေးပညာဆိုင်ရာစကားပြန်များကို စေလွှတ်ပေးခြင်းဖြစ်ပါသည်။

ဂျပန်တွင် အလုပ်လုပ်နေသော နိုင်ငံခြားသားများအတွက်

ဤစာမျက်နှာ၌ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ နိုင်ငံခြားသားများအနေဖြင့် ၎င်းတို့၏ အလုပ်အကိုင်ပြဿနာများကို ဆွေးနွေးတိုင်ပင်နိုင်သည့် ဝက်ဘ်ဆိုဒ်လင့်ခ်များ ပါဝင်ပါသည်။ (လင့်ခ်အားလုံးသည် ပြင်ပလင့်ခ်များဖြစ်သည်)

ဘာသာစကားမျိုးစုံဖြင့်ဖော်ပြထားသော ဘဝနေထိုင်မှုဆိုင်ရာအချက်အလက်များ(ပြင်ပလင့်ခ်)

နိုင်ငံတကာဆက်ဆံရေးအတွက် ဒေသတွင်းအာဏာပိုင်များ၏ကောင်စီမှ ဖော်ပြပေးသော ဂျပန်တွင်နေထိုင်မှုဘဝဆိုင်ရာ အသုံးဝင်သည့်အချက်အလက်များ

ဘာသာစကားမျိုးစုံဖြင့်ဖော်ပြထားသော သဘာဝဘေးစီမံခန့်ခွဲမှု အထောက်အကူ(ပြင်ပလင့်ခ်)

သဘာဝဘေးအန္တရာယ်ဖြစ်ချိန်တွင် ဂျပန်ရှိနိုင်ငံခြားသားများကို ကူညီရန် နိုင်ငံတကာဆက်ဆံရေးအတွက် ဒေသတွင်းအာဏာပိုင်များ၏ကောင်စီမှ ပံ့ပိုးပေးသော အထောက်အကူများ

(ဆက်သွယ်ရန်- ညှိနှိုင်းတိုင်ပင်မှုဆိုင်ရာဌာနစိတ်၊ နိုင်ငံတကာနှီးနှောဖလှယ်မှု နှင့် ယဉ်ကျေးမှုပေါင်းစုံဌာန)

အာအိချိအပြည်ပြည်ဆိုင်ရာအသင်း
ဆန်းနော့မာရု တိုးချဲ့အဆောက်အအုံ၊ အာအိချိစီရင်စုနယ်အစိုးရ၊
2-6-1၊ဆန်းနော့မာရု နက-ခု၊ နဂိုယ 460-0001
ဖုန်း- 052-961-8744 / အီးမေးလ်- somu*aia.pref.aichi.jp (ခရေပွင့်သင်္ကေတ(*)ကို @ဖြင့် အစားထိုးပေးပါ။)
| ဆက်သွယ်ရန် | ဆိုက်မြေပုံ
(C)2011 AICHI INTERNATIONAL ASSOCIATION