TOP  >  MMR-TOP  >  ညှိနှိုင်းတိုင်ပင်မှုဆိုင်ရာ သာဓကများ  >  နိုင်ငံတကာနှီးနှောဖလှယ်မှု

ညှိနှိုင်းတိုင်ပင်မှုဆိုင်ရာ သာဓကများ


လူဝင်မှုကြီးကြပ်ရေး နေ့စဉ်ဘဝဆိုင်ရာ အချက်အလက်များ နိုင်ငံတကာနှီးနှောဖလှယ်မှု
စေတနာ့ဝန်ထမ်းလုပ်ငန်းများ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာနှင့်ချီ၍ နားလည်သဘောပေါက်မှု ဟောပြောပို့ချသူများ တောင်းဆိုခြင်း နိုင်ငံရပ်ခြားတွင် ပညာသင်ယူခြင်း
နိုင်ငံရပ်ခြားသို့ ခရီးထွက်ခြင်း ကိန်းဂဏန်းအချက်အလက်များ (ဂျပန်ရှိ နိုင်ငံခြားသားနေထိုင်သူများနှင့်ပတ်သက်၍)

သက်ဆိုင်ရာအဖွဲ့အစည်းများစာရင်း / အညွှန်းသို့ပြန်သွားပါ

မကြာမီ နိုင်ငံရပ်ခြားသို့ ခရီးထွက်မည်ဖြစ်ပါသည်။ ကာကွယ်ဆေးထိုးရန် လိုအပ်ပါသလား။

ဂျပန်နိုင်ငံတွင် မသိကြသည့် ကူးစက်နိုင်သောရောဂါအများအပြား ရှိပါသည်။ ဂျပန်လူမျိုးများသည် အဆိုပါရောဂါများအတွက် ကိုယ်ခံအားမရှိသောကြောင့် သင်သွားမည့်နေရာပေါ်မူတည်၍ ကာကွယ်ဆေး ကြိုတင်ထိုးသွားသင့်ပါသည်။

ကာလဝမ်းရောဂါ၊ ပလိပ်ရောဂါနှင့် အသားဝါရောဂါကဲ့သို့သော သီးသန့်ထားရှိရသည့် ကူးစက်နိုင်သောရောဂါများရှိသည့် နိုင်ငံများသို့ဝင်ရောက်ရန်အတွက် ကာကွယ်ဆေး သို့မဟုတ် တားဆေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာလက်မှတ် (အဝါရောင်ကတ်) ရှိရန် လိုအပ်နိုင်ပါသည်။

ကာလဝမ်းရောဂါသည် အရှေ့တောင်အာရှနှင့် အာဖရိကတွင် အဖြစ်များပြီး ပလိပ်ရောဂါသည် အရှေ့တောင်အာရှ၊ အာဖရိကနှင့် တောင်အမေရိကတို့တွင် အဖြစ်များသည်။ အသားဝါရောဂါသည် အမေရိကအလယ်ပိုင်း၊ တောင်ပိုင်းနှင့် အာဖရိကတို့တွင် အဖြစ်များပါသည်။ အဆိုပါနေရာများသို့ သွားရောက်မည်ဆိုပါက ကာကွယ်ဆေးထိုးသွားသင့်သည်။

ကာကွယ်ဆေးအမျိုးအစားသည် သွားမည့်နေရာ သို့မဟုတ် ရာသီအလိုက် ကွဲပြားသောကြောင့် သင်သွားရောက်မည့်နိုင်ငံဆိုင်ရာ သံရုံးထံ ဆက်သွယ်ပါ။ ကာကွယ်ဆေးနှင့် နိုင်ငံရပ်ခြားရှိ ဆေးဝါးကုသမှုဆိုင်ရာ အချက်အလက်များအကြောင်း မေးမြန်းရန်အတွက် နာဂိုရရောဂါထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးဌာန၏ ရောဂါထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးနှင့် သန့်ရှင်းရေးဌာနခွဲသို့လည်း ဆက်သွယ်နိုင်ပါသည်။

ပြန်ထိပ်

နိုင်ငံရပ်ခြားသို့ ခရီးသွားလာရာတွင် ဘေးကင်းရေးအချက်အလက်များကို မည်သည့်နေရာမှ ရရှိနိုင်မည်နည်း။

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကမ္ဘာတဝှမ်းရှိနိုင်ငံများမှ ရာဇဝတ်မှုများနှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ အချက်အလက်များကို ဖော်ပြပေးပါသည်။

ပြန်ထိပ်

အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းလိုင်စင်ကို မည်ကဲ့သို့ရရှိနိုင်မည်နည်း။

အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းလိုင်စင်ကို လျှောက်ထားပြီး လျှောက်ထားသည့်ရက်၌ပင် ယာဉ်မောင်းလိုင်စင်စစ်ဆေးရေးစင်တာ သို့မဟုတ် ဟိဂရှိ-မိခဝ ယာဉ်မောင်းလိုင်စင် စင်တာ ၌ ထုတ်ယူနိုင်ပါသည်။ ၎င်းကို နာခါမူရ ရဲစခန်းတွင် လျှောက်ထားနိုင်သော်လည်း လိုင်စင်ထုတ်ပေးသည်အထိ 16 ရက်ခန့် ကြာမြင့်မည်ဖြစ်သည်။

လိုအပ်သောစာရွက်စာတမ်းများမှာ အောက်ဖော်ြပပါအတိုင်းဖြစ်သည်။

  1. ယာဉ်မောင်းလိုင်စင် (အာအိချိ လိပ်စာပါရှိသော)
  2. ပတ်စ်ပို့
  3. ဓာတ်ပုံ 1 ပုံ (W 4 cm x H 5 cm၊ လွန်ခဲ့သည့်ခြောက်လအတွင်းရိုက်ကူးထားသောပုံ ဖြစ်ရမည်။ ဦးထုပ်ဆောင်းမထားရပါ။ အရှေ့ဘက်သို့ မျက်နှာမူထားပြီး ရင်ဘတ်အပေါ်ပိုင်းသာ ပါရပါမည်။ နောက်ခံပြောင်ဖြစ်ရပါမည်။)
  4. တံဆိပ်တုံး
  5. အခကြေးငွေ ယန်း 2,350

အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းလိုင်စင်သည် ထုတ်ပေးသည့်ရက်စွဲမှ တစ်နှစ်ကြာ သက်တမ်းရှိပါသည်။

သင် နိုင်ငံရပ်ခြား၌ရောက်ရှိနေစဉ် သင်၏ယာဉ်မောင်းလိုင်စင် သက်တမ်းကုန်သွားပါက ချွင်းချက်အနေဖြင့် သင်၏ယာဉ်မောင်းလိုင်စင်ကို သက်တမ်းတိုးနိုင်ပြီး အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းလိုင်စင်ကို လျှောက်ထားနိုင်ပါသည်။ နိုင်ငံရပ်ခြားတွင် တစ်နှစ်ထက်ပို၍ နေထိုင်ပါက ထိုနိုင်ငံ၏ယာဉ်မောင်းလိုင်စင်ရှိထားရန် လိုအပ်နိုင်ပါသည်။

ပြန်ထိပ်

အာအိချိအပြည်ပြည်ဆိုင်ရာအသင်း
ဆန်းနော့မာရု တိုးချဲ့အဆောက်အအုံ၊ အာအိချိစီရင်စုနယ်အစိုးရ၊
2-6-1၊ဆန်းနော့မာရု နက-ခု၊ နဂိုယ 460-0001
ဖုန်း- 052-961-8744 / အီးမေးလ်- somu*aia.pref.aichi.jp (ခရေပွင့်သင်္ကေတ(*)ကို @ဖြင့် အစားထိုးပေးပါ။)
| ဆက်သွယ်ရန် | ဆိုက်မြေပုံ
(C)2011 AICHI INTERNATIONAL ASSOCIATION