လူဝင်မှုကြီးကြပ်ရေး | နေ့စဉ်ဘဝဆိုင်ရာ အချက်အလက်များ | နိုင်ငံတကာနှီးနှောဖလှယ်မှု |
နေထိုင်ခွင့်သတ်မှတ်အရည်အချင်းပြည့်မီပါက နိုင်ငံခြားသားများလည်း အိမ်ယာတွင် နေထိုင်နိုင်ပါသည်။
1. အတူစုပေါင်းနေထိုင်ရန် ဆွေမျိုးမိသားစုများရှိရမည်။ (အချို့သော အိမ်ယာများမှာချွင်းချက်ဖြစ်သည်။)
2. လက်ရှိတွင် နေထိုင်ရန်အိမ် အခက်အခဲကြုံတွေ့နေရသည်မှာ ထင်ရှားသေချာခြင်း။
3. အိုင်းချိစီရင်စုပိုင်အိမ်ယာ၏ စံနှုန်းသတ်မှတ်ချက်များပါ အခြေခံဝင်ငွေနှုန်းထားများနှင့် ကိုက်ညီရမည်။
4. ရာဇ၀တ်ဂိုဏ်းအဖွဲ့ဝင် မဖြစ်ရပါ။
5. စီရင်စုပိုင်အိမ်ယာများအတွက် အိမ်ငှားရမ်းခကဲ့သို့သော ပေးဆပ်ရန်အကြွေးကျန်များမရှိရပါ။
ထို့အပြင် နိုင်ငံခြားသားများသည် အောက်ပါနေထိုင်ခွင့်ဗီဇာအမျိုးအစားများထဲမှ တစ်ခုခုရှိရန် လိုအပ်ပါသည်။
1. အမြဲတမ်းနေထိုင်ခွင့်ရသူများနှင့် ၎င်းတို့၏ အိမ်ထောင်ဖက် သို့မဟုတ် သားသမီးများ
2. အမြဲတမ်းနေထိုင်ခွင့်အထူးခွင့်ပြုချက်ရသူ
3. ဂျပန်နိုင်ငံသားတစ်ဦး၏ အိမ်ထောင်ဖက် သို့မဟုတ် သားသမီး
4. နှစ်ရှည်နေထိုင်ခွင့်ရသူ
လျှောက်လွှာများနှင့်ပတ်သက်သည့် အချက်အလက်များကို အင်တာနက်၊ သတင်းစာ၊ ရေဒီယို၊ အစိုးရသတင်းလွှာများနှင့် တယ်လီဖုန်းဝန်ဆောင်မှု (Tel: 052-971-4118) တွင် ကြေငြာပေးမည်ဖြစ်သောကြောင့် လျှောက်လွှာပုံစံကို သတ်မှတ်ထားသော ဖြန့်ဖြူးရေးနေရာတွင် (ဥပမာ သက်ဆိုင်ရာအိမ်ယာစီမံခန့်ခွဲရေးရုံးများ သို့မဟုတ် ဌာနခွဲရုံးများ၊ သို့မဟုတ် မြို့၊ မြို့နယ်၊ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးရုံးများ (နာဂိုယာမြို့ မပါဝင်) တွင် ) ရယူကာ လျှောက်ထားရက်အတွင်း လျှောက်ထားနိုင်ပါသည်။
လျှောက်ထားရန်နေရာသည် အိမ်ယာတည်ရှိရာနေရာပေါ်မူတည်၍ ကွဲပြားမည်ကို သတိပြုပါ။
အသေးစိတ်အချက်အလက်များအတွက် စီရင်စုအိမ်ရာကော်ပိုရေးရှင်း(Tel: 052-954-1361၊ တနင်္လာနေ့~သောကြာနေ့ 9:00-17:00အတွင်း၊ ※ အစိုးရရုံးပိတ်ရက်များနှင့် နှစ်သစ်ကူးအားလပ်ရက်များမပါဝင်) သို့မဟုတ် သက်ဆိုင်ရာအိမ်ယာစီမံခန့်ခွဲမှုရုံးများ သို့မဟုတ် ဌာနခွဲရုံးများသို့ ဆက်သွယ်စုံစမ်းပါ။
အကယ်၍ နိုင်ငံခြားဘာသာစကား (ဘာသာစကား ခုနစ်မျိုး) ဖြင့် တယ်လီဖုန်း တိုင်ပင်ဆွေးနွေးမှုပြုလိုပါက ရုံးဖွင့်ရက်များတွင် အောက်ပါ ရုံးချိန်အတွင်း Foreigner Support Desk သို့ ဆက်သွယ်ပါ။
ဖုန်း- 052-684-5007 ( 9:00~12:00 / 13:00~17:00 )
・ ပေါ်တူဂီ၊ စပိန်၊ အင်္ဂလိပ်၊ နီပေါဘာသာစကားဖြင့် ဆွေးနွေးတိုင်ပင်ခြင်း (တနင်္လာနေ့~သောကြာနေ့) ※အစိုးရရုံးပိတ်ရက်များနှင့် နှစ်သစ်ကူးရုံးပိတ်ရက်များမပါ။
・ ဖိလစ်ပိုင်တာဂါလော့ဘာသာစကားဖြင့် ဆွေးနွေးတိုင်ပင်ခြင်း (တနင်္လာနေ့~ကြာသာပတေးနေ့) ※အစိုးရရုံးပိတ်ရက်များနှင့် နှစ်သစ်ကူးရုံးပိတ်ရက်များမပါ။
・ဗီယက်နမ်ဘာသာစကားဖြင့် ဆွေးနွေးတိုင်ပင်ခြင်း (တနင်္လာ၊ ဗုဒ္ဓဟူး၊သောကြာနေ့) ※အစိုးရရုံးပိတ်ရက်များနှင့် နှစ်သစ်ကူးရုံးပိတ်ရက်များမပါ။
・တရုတ်ဘာသာစကားဖြင့် ဆွေးနွေးတိုင်ပင်ခြင်း (အင်္ဂါ၊ ဗုဒ္ဓဟူးနေ့) ※အစိုးရရုံးပိတ်ရက်များနှင့် နှစ်သစ်ကူးရုံးပိတ်ရက်များမပါ။
လိုအပ်သောစာရွက်စာတမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။ (နေထိုင်လိုသူ၏ အိမ်ထောင်စုစာရင်းအပေါ်မူတည်၍ လိုအပ်သောစာရွက်စာတမ်းများ ကွဲပြားပါမည်)
1. စီရင်စုပိုင်အိမ်ယာလျှောက်လွှာပုံစံ
2. အိမ်ထောင်စုစာရင်းဝင်အားလုံးအတွက် မြို့နယ်တွင်းနေထိုင်ခွင့်လက်မှတ်မိတ္တူ
3. မြို့၊ မြို့နယ်၊ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ ထုတ်ပေးသော နောက်ဆုံး ၀င်ငွေခွန် သက်သေခံလက်မှတ် (ဝင်ငွေရှိပါက)
4. မြို့၊ မြို့နယ်၊ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ ထုတ်ပေးသော နောက်ဆုံး ၀င်ငွေခွန်ကင်းလွတ်ခွင့် သက်သေခံလက်မှတ် (ဝင်ငွေမရှိပါက)
5. အိမ်အငှားစာချုပ်မိတ္တူ သို့မဟုတ် အိမ်ငှားရမ်းခပေးချေပြီးကြောင်း သက်သေခံအထောက်အထား စသည်တို့
အသေးစိတ်အချက်အလက်များအတွက် ကျေးဇူးပြု၍ စီရင်စုအိမ်ရာကော်ပိုရေးရှင်း(Tel: 052-954-1361၊ တနင်္လာနေ့~သောကြာနေ့ 9:00-17:00 ※အစိုးရရုံးပိတ်ရက်များနှင့် နှစ်သစ်ကူးအားလပ်ရက်များမပါဝင်) သို့မဟုတ် သက်ဆိုင်ရာအိမ်ယာစီမံခန့်ခွဲမှုရုံး သို့မဟုတ် ဌာနခွဲရုံးသို့ ဆက်သွယ်ပါ။