TOP  >  MMR-TOP  >  ညှိနှိုင်းတိုင်ပင်မှုဆိုင်ရာ သာဓကများ  >  လူဝင်မှုကြီးကြပ်ရေး

ညှိနှိုင်းတိုင်ပင်မှုဆိုင်ရာ သာဓကများ


လူဝင်မှုကြီးကြပ်ရေး နေ့စဉ်ဘဝဆိုင်ရာ အချက်အလက်များ နိုင်ငံတကာနှီးနှောဖလှယ်မှု
နေထိုင်ခွင့်ကာလ သက်တမ်းတိုးခြင်း နေထိုင်မှုအခြေအနေ ပြောင်းလဲခြင်း ပတ်စ်ပို့ နေထိုင်ခွင့်ကတ် ယာယီပြန်ခြင်း
အမြဲတမ်းနေထိုင်ခွင့် နိင်ငံသားခံယူခြင်း

သက်ဆိုင်ရာအဖွဲ့အစည်းများစာရင်း / အညွှန်းသို့ပြန်သွားပါ

နိုင်ငံသားခံယူရန် လိုအပ်ချက်များမှာ အဘယ်နည်း။

နိုင်ငံခြားသားများသည် နိုင်ငံသားခံယူခြင်းဖြင့် ဂျပန်နိုင်ငံသားဖြစ်လာနိုင်ပါသည်။

နိုင်ငံသားခံယူရန် အထွေထွေလိုအပ်ချက်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်။

  1. ဂျပန်နိုင်ငံရှိ လိပ်စာတစ်ခုတွင် ငါးနှစ် သို့မဟုတ် ငါးနှစ်အထက်ကြာအောင် ဆက်တိုက်နေထိုင်ရမည်။
  2. အသက် 20 နှင့်အထက်ဖြစ်ပြီး သင့်မိခင်နိုင်ငံ၏ဥပဒေများနှင့်အညီ အပြည့်အဝ ကျင့်သုံးလိုက်နာနိုင်ရမည်။
  3. ပြုမူနေထိုင်မှုပုံစံ ကောင်းမွန်ရမည်။
  4. သင့်ကိုယ်ပိုင် ငွေကြေးပိုင်ဆိုင်မှုများ သို့မဟုတ် စွမ်းရည်များ သို့မဟုတ် သင့်စားဝတ်နေရေးအတွက် ထောက်ပံ့ပေးသော အိမ်ထောင်ဖက် သို့မဟုတ် ဆွေမျိုးများဖြင့် စားဝတ်နေရေး ဖြေရှင်းနိုင်ရမည်။
  5. မည်သည့်နိုင်ငံသားမှ မဟုတ်ရပါ သို့မဟုတ် ဂျပန်နိုင်ငံသားခံယူရန်အတွက် လက်ရှိနိုင်ငံသားကို စွန့်လွှတ်လိုရမည်။
  6. ဂျပန်နိုင်ငံဖွဲ့စည်းပုံ သို့မဟုတ် ၎င်းဖွဲ့စည်းပုံအောက်ရှိ အစိုးရကို တော်လှန်ရန် ပူးပေါင်းကြံစည်သည့် သို့မဟုတ် ထောက်ခံသည့် နိုင်ငံရေးပါတီ သို့မဟုတ် အခြားသောအဖွဲ့အစည်းနှင့် ပူးပေါင်းကြံစည်ခြင်း သို့မဟုတ် ထောက်ခံခြင်း သို့မဟုတ် ဖွဲ့စည်းခြင်း သို့မဟုတ် သက်ဆိုင်ခြင်း မရှိရပါ။

သင့်တွင် ဂျပန်လူမျိုးအိမ်ထောင်ဖက်ရှိပါက ပထမအချက်ကို ဖြေလျှော့ပေးပြီး သုံးနှစ်ဆက်တိုက်နေထိုင်သော ဂျပန်နိုင်ငံရှိ လိပ်စာတစ်ခုသာ လိုအပ်ပါမည်။

သုံးနှစ် သို့မဟုတ် သုံးနှစ်အထက် လက်ထပ်ထားသူဖြစ်ပါက တစ်နှစ်ဆက်တိုက်နေထိုင်သော ဂျပန်နိုင်ငံရှိလိပ်စာတစ်ခုရှိရုံဖြင့် လုံလောက်ပါသည်။

သတင်းအချက်အလက်များ ပိုမိုရရှိနိုင်စေရန်အတွက် ဥပဒေရေးရာသတင်းအချက်အလက်ဌာန၏ နိုင်ငံသားခံယူမှုဆိုင်ရာဌာနစိတ်သို့ (052-952-8073) မှခေါ်ဆိုပါ။ ဆွေးနွေးတိုင်ပင်ရန်အတွက် ကြိုတင်စာရင်းသွင်းရန် လိုအပ်ပါသည်။

အာအိချိအပြည်ပြည်ဆိုင်ရာအသင်း
ဆန်းနော့မာရု တိုးချဲ့အဆောက်အအုံ၊ အာအိချိစီရင်စုနယ်အစိုးရ၊
2-6-1၊ဆန်းနော့မာရု နက-ခု၊ နဂိုယ 460-0001
ဖုန်း- 052-961-8744 / အီးမေးလ်- somu*aia.pref.aichi.jp (ခရေပွင့်သင်္ကေတ(*)ကို @ဖြင့် အစားထိုးပေးပါ။)
| ဆက်သွယ်ရန် | ဆိုက်မြေပုံ
(C)2011 AICHI INTERNATIONAL ASSOCIATION