လူဝင်မှုကြီးကြပ်ရေး | နေ့စဉ်ဘဝဆိုင်ရာ အချက်အလက်များ | နိုင်ငံတကာနှီးနှောဖလှယ်မှု |
နေထိုင်ခွင့်ကာလ သက်တမ်းတိုးခြင်း | နေထိုင်မှုအခြေအနေ ပြောင်းလဲခြင်း | ပတ်စ်ပို့ | နေထိုင်ခွင့်ကတ် | ယာယီပြန်ခြင်း |
အမြဲတမ်းနေထိုင်ခွင့် | နိင်ငံသားခံယူခြင်း |
သင်၏လက်ရှိနေထိုင်မှုအခြေအနေအရ ခွင့်ပြုထားသော ရည်ရွယ်ချက်အတိုင်း ဂျပန်နိုင်ငံ၌ နေထိုင်ခွင့်ပြုထားသော၊ ပြန်လည်ဝင်ရောက်ခွင့်ပြုထားသောအချိန်အတွင်း သင့်နိုင်ငံ သို့မဟုတ် အခြားနိုင်ငံသို့ ယာယီသွားလိုပါက ဂျပန်နိုင်ငံမှမထွက်ခွာမီ ဒေသဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးသတင်းအချက်အလက်ဌာနတွင် ပြန်လည်ဝင်ရောက်ခွင့်ပါမစ်ကို ရယူရန် လိုအပ်ပါသည်။
လိုအပ်သောစာရွက်စာတမ်းများမှာ အောက်ဖော်ြပပါအတိုင်းဖြစ်သည်။
နေထိုင်ခွင့် လက်ကျန်ကာလသည် သုံးနှစ်အောက်ဖြစ်ပါက ပြန်လည်ဝင်ရောက်ခွင့်ပါမစ်သည် အဆိုပါနေထိုင်ခွင့်ရှိသည့်ကာလအတွင်း တရားဝင်ပါသည်။
2012 ခုနှစ်၊ ဇူလိုင်လ 9 ရက်နေ့မှစတင်၍ ထွက်ခွာသည့်ရက်စွဲမှ တစ်နှစ်အတွင်း ဂျပန်နိုင်ငံသို့ ပြန်လည်ဝင်ရောက်သော (အထူး အမြဲတမ်းနေထိုင်သူများအတွက် နှစ်နှစ်အတွင်း) သက်တမ်းရှိပတ်စ်ပို့နှင့် နေထိုင်ခွင့်ကတ်ကိုင်ဆောင်သည့် နိုင်ငံခြားသားများ (အထူး အမြဲတမ်းနေထိုင်သူများအတွက် အထူးအမြဲတမ်းနေထိုင်ခွင့်လက်မှတ်) အတွက် ပြန်လည်ဝင်ရောက်ခွင့်ပါမစ် မလိုအပ်တော့ပါ။ သို့သော် အထူး ပြန်လည်ဝင်ရောက်ခွင့်ပါမစ်ကို နိုင်ငံရပ်ခြားတွင် သက်တမ်းမတိုးနိုင်သောကြောင့် လက်ရှိနေထိုင်ခွင့်ကာလကို ကျော်လွန်သည့် ပြန်လည်ဝင်ရောက်မှုအား ခွင့်ပြုမည်မဟုတ်ပါ။