အာအိချိ ယဉ်ကျေးမှုပေါင်းစုံစင်တာဖွင့်ချိန်- တနင်္လာနေ့ – စနေနေ့ 10:00-18:00 ဖုန်း-052-961-7902 |
အာအိချိ ယဉ်ကျေးမှုပေါင်းစုံစင်တာတွင် ယဉ်ကျေးမှုပေါင်းစုံဆိုင်ရာ လူမှုဝန်ထမ်းများသည် နိုင်ငံတကာနှီးနှောဖလှယ်မှုနှင့် ယဉ်ကျေးမှုပေါင်းစုံလှုပ်ရှားမှုများနှင့် ဆက်နွယ်သော အချက်အလက်၊ အကြောင်းအရာ အမျိုးမျိုးကို ဖြည့်ဆည်းပေးပါသည်။
အလုပ်သမားရေး၊ အခွန်များ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးစသည့် ကိစ္စရပ်များနှင့်သက်ဆိုင်သည့် ဘာသာစကားမျိုးစုံဖြင့် ညှိနှိုင်းတိုင်ပင်မှုများကိုလည်း နိုင်ငံခြားသားနေထိုင်သူများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။ ရှုပ်ထွေးသောပြဿနာရပ်များအတွက် စဉ်ဆက်မပြတ်ထောက်ပံ့မှုနှင့် နေ့စဉ်ကိစ္စရပ်များအတွက် အခြေခံစကားပြန်ဝန်ဆောင်မှုများကိုလည်း ဖြည့်ဆည်းပေးပါသည်။*
*စကားပြန်ဝန်ဆောင်မှုသည် စီးပွားအကျိုးအမြတ်အတွက်မဟုတ်သော ရည်ရွယ်ချက်များအတွက်သာဖြစ်သည်။ ဤဝန်ဆောင်မှုကိုအသုံးပြုရန် ကျွန်ုပ်တို့စင်တာထံ လာရောက်ခြင်း သို့မဟုတ် ဖုန်းခေါ်ဆိုခြင်း ပြုလုပ်နိုင်ပါသည်။ ဖုန်းခေါ်ဆိုခကျသင့်ပါမည်။
ယဉ်ကျေးမှုပေါင်းစုံဆိုင်ရာ လူမှုဝန်ထမ်းများသည် နိုင်ငံခြားသားနေထိုင်သူများအတွက် နေ့စဉ်ဘဝနှင့်ပတ်သက်ပြီး အချက်အလက်များ၊ ဘာသာစကားမျိုးစုံဖြင့်ညှိနှိုင်းတိုင်ပင်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။
တနင်္လာနေ့ – စနေနေ့ 10:00-18:00
*ဒီဇင်ဘာလ ၂၉ ရက် မှ ဇန်နဝါရီလ ၃ ရက်အထိပိတ်သည်။
ပေါ်တူဂီဘာသာစကား၊ စပိန်ဘာသာစကား၊ အင်္ဂလိပ်ဘာသာစကား၊ တရုတ်ဘာသာစကား၊ ဖိလစ်ပိုင်ဘာသာစကား/တဂါးလော့ဂ်၊
ဗီယက်နမ်ဘာသာစကား၊ နီပေါဘာသာစကား၊ အင်ဒိုနီးရှားဘာသာစကား၊ ထိုင်းဘာသာစကား၊
ကိုရီးယားဘာသာစကား ဗမာဘာသာစကား၊ ရုရှားဘာသာစကား၊ ယူကရိန်းဘာသာစကား၊ ဂျပန်ဘာသာစကား
ညှိနှိုင်းတိုင်ပင်မှုဆိုင်ရာ သာဓကများ
ယခင်က ညှိနှိုင်းတိုင်ပင်ခဲ့မှုများတွင် နိုင်ငံခြားသားနေထိုင်သူများထံမှ ကျွန်ုပ်တို့လက်ခံရရှိခဲ့သော မေးခွန်းများစုစည်းမှု ဘာသာစကားအမျိုးမျိုးဖြင့် ရရှိနိုင်သည်။ |
အာအိချိ လက်စွဲစာအုပ်
အာအိချိရှိ နိုင်ငံခြားသားနေထိုင်သူများအတွက် လိုအပ်သောအချက်အလက်များပါသည့် လက်စွဲစာအုပ် ဘာသာစကားအမျိုးမျိုးဖြင့် ရရှိနိုင်သည်။ (ပေါ်တူဂီဘာသာစကား၊ စပိန်ဘာသာစကား၊ အင်္ဂလိပ်ဘာသာစကား၊ တရုတ်ဘာသာစကား၊ ဂျပန်ဘာသာစကား) |
နိုင်ငံခြားသားနေထိုင်သူများအတွက် အခမဲ့ ဥပဒေဆိုင်ရာညှိနှိုင်းတိုင်ပင်မှုများ
နိုင်ငံခြားသားနေထိုင်သူများအတွက် ဥပဒေဆိုင်ရာညှိနှိုင်းတိုင်ပင်မှုများ နိုင်ငံခြားသားနေထိုင်သူများအတွက် အခမဲ့ ဥပဒေဆိုင်ရာညှိနှိုင်းတိုင်ပင်မှုများ ဘာသာစကားအမျိုးမျိုးဖြင့် ရရှိနိုင်သည်။ |
နိုင်ငံခြားသားနေထိုင်သူများအတွက် အထူးညှိနှိုင်းတိုင်ပင်မှုများ
လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားရေးနှင့် စားသုံးသူဆိုင်ရာကိစ္စရပ်များနှင့်သက်ဆိုင်သော ပြဿနာရပ်များနှင့်ပတ်သက်ပြီး နိုင်ငံခြားသားနေထိုင်သူများအတွက် အခမဲ့ အထူးညှိနှိုင်းတိုင်ပင်မှုများ ဘာသာစကားအမျိုးမျိုးဖြင့် ရရှိနိုင်သည်။ |
နိုင်ငံခြားသားနေထိုင်သူများအတွက် အမြန်လမ်းညွှန်
နိုင်ငံခြားသားနေထိုင်သူများအား ပြဿနာများကူညီဖြေရှင်းပေးနိုင်သည့် အချက်အလက်များ စုစည်းမှု |
ဂျပန်ဘာသာစကားသင်တန်း
ဂျပန်ဘာသာစကားသင်ကြားလိုသော နိုင်ငံခြားသားနေထိုင်သူများအတွက် အချက်အလက်များ |
ငလျင် သတင်းအချက်အလက်
ဘာသာစကားမျိုးစုံဖြင့်ထုတ်လွှင့်ပေးသော ငလျင်ပညာပေးရေဒီယိုအစီအစဉ်များ စုစည်းမှု။ |
အာအိချိ ခရီးသွားဧည့်သည်များအတွက် သတင်းအချက်အလက်
အာအိချိတွင် ရှုခင်းကြည့်ရှုနိုင်သည့်နေရာများကို ဖော်ပြထားသည့် ဝက်ဘ်ဆိုဒ်များစာရင်း |
အာအိချိ ဆေးပညာဆိုင်ရာစကားပြန်စနစ်(ပြင်ပလင့်ခ်)
အာအိချိရှိ ဆေးကုသမှုအဖွဲ့အစည်းများတွင် ဘာသာစကားအတားအဆီးများကြောင့် အခက်အခဲရှိသူများအတွက် ဆေးပညာဆိုင်ရာစကားပြန်များကို စေလွှတ်ပေးခြင်းဖြစ်ပါသည်။ |
ဂျပန်တွင် အလုပ်လုပ်နေသော နိုင်ငံခြားသားများအတွက်
ဤစာမျက်နှာ၌ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ နိုင်ငံခြားသားများအနေဖြင့် ၎င်းတို့၏ အလုပ်အကိုင်ပြဿနာများကို ဆွေးနွေးတိုင်ပင်နိုင်သည့် ဝက်ဘ်ဆိုဒ်လင့်ခ်များ ပါဝင်ပါသည်။ (လင့်ခ်အားလုံးသည် ပြင်ပလင့်ခ်များဖြစ်သည်) |
ဘာသာစကားမျိုးစုံဖြင့်ဖော်ပြထားသော ဘဝနေထိုင်မှုဆိုင်ရာအချက်အလက်များ(ပြင်ပလင့်ခ်)
နိုင်ငံတကာဆက်ဆံရေးအတွက် ဒေသတွင်းအာဏာပိုင်များ၏ကောင်စီမှ ဖော်ပြပေးသော ဂျပန်တွင်နေထိုင်မှုဘဝဆိုင်ရာ အသုံးဝင်သည့်အချက်အလက်များ |
ဘာသာစကားမျိုးစုံဖြင့်ဖော်ပြထားသော သဘာဝဘေးစီမံခန့်ခွဲမှု အထောက်အကူ(ပြင်ပလင့်ခ်)
သဘာဝဘေးအန္တရာယ်ဖြစ်ချိန်တွင် ဂျပန်ရှိနိုင်ငံခြားသားများကို ကူညီရန် နိုင်ငံတကာဆက်ဆံရေးအတွက် ဒေသတွင်းအာဏာပိုင်များ၏ကောင်စီမှ ပံ့ပိုးပေးသော အထောက်အကူများ |
(ဆက်သွယ်ရန်- ညှိနှိုင်းတိုင်ပင်မှုဆိုင်ရာဌာနစိတ်၊ နိုင်ငံတကာနှီးနှောဖလှယ်မှု နှင့် ယဉ်ကျေးမှုပေါင်းစုံဌာန)