TOP  >  MMR-TOP  >  နိုင်ငံခြားသားနေထိုင်သူများအတွက် ဥပဒေဆိုင်ရာညှိနှိုင်းတိုင်ပင်မှုများ 

နိုင်ငံခြားသားနေထိုင်သူများအတွက် အခမဲ့ ဥပဒေဆိုင်ရာညှိနှိုင်းတိုင်ပင်မှုများ

ဂျပန်တွင် အချိန်ကြာရှည်စွာနေထိုင်သူတစ်ဦးဖြစ်ပါက နေ့စဉ်ဘဝတွင် ခက်ခဲသောဥပဒေဆိုင်ရာပြဿနာများ ကြုံတွေ့နိုင်ပါသည်။

အာအိချိအပြည်ပြည်ဆိုင်ရာအသင်းတွင် ရှေ့နေတစ်ဦးနှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ ညှိနှိုင်းတိုင်ပင်မှုနှင့် စကားပြန်ဝန်ဆောင်မှုများသည် အခမဲ့ဖြစ်ပြီး အချက်အလက်အားလုံးကို တင်းကြပ်စွာလျှို့ဝှက်ထိန်းသိမ်းထားပါသည်။ All consultations are kept strictly confidential.

ဤဝန်ဆောင်မှုကိုအသုံးပြုရန် ဖုန်းဖြင့်ကြိုတင်ချိန်းဆိုနိုင်ပါသည်။

နိုင်ငံခြားသားနေထိုင်သူများအတွက် ဥပဒေဆိုင်ရာညှိနှိုင်းတိုင်ပင်မှု အသေးစိတ်အချက်အလက်များ

နေ့ရက် နှင့် အချိန် လစဉ် ဒုတိယမြောက်နှင့် စတုတ္ထမြောက် သောကြာနေ့ 13:00-16:00
*ကြိုတင်စာရင်းသွင်းရန် လိုအပ်ပါသည်။ ဦးစွာချိန်းဆိုသူကို ဦးစားပေးမည်။
တစ်ရက်လျှင် ၄ ဦးအထိ ဝန်ဆောင်မှုပေးပါသည်။
နေရာ အာအိချိယဉ်ကျေးမှုပေါင်းစုံစင်တာ (အာအိချိနိုင်ငံတကာပလာဇာ 1F)
*မြေပုံကို ဤနေရာတွင်ကြည့်ပါ
ဘာသာစကား ပေါ်တူဂီ၊ စပိန်၊ အင်္ဂလိပ်၊ တရုတ်၊ ဖီလစ်ပိုင်/တဂါးလော့ဂ်၊ ဗီယက္နမ္ဘာသာစကား၊
(အခြားဘာသာစကားပြောသူဖြစ်လျှင် ဂျပန်ဘာသာစကားနားလည်သူတစ်ဦးကို ခေါ်ဆောင်လာပါ။)
ကြိုတင်စာရင်းသွင်းရန်ဖုန်း 052-961-7902 (အာအိချိယဉ်ကျေးမှုပေါင်းစုံစင်တာ)
တနင်္လာနေ့ – စနေနေ့ 10:00-18:00

ဥပဒေဆိုင်ရာညှိနှိုင်းတိုင်ပင်မှု အချိန်ဇယား

ဤနေရာတွင် ပြက္ခဒိန်ကိုကြည့်ပါ

(ဆက်သွယ်ရန်- အာအိချိ ယဉ်ကျေးမှုပေါင်းစုံစင်တာ)

အာအိချိအပြည်ပြည်ဆိုင်ရာအသင်း
ဆန်းနော့မာရု တိုးချဲ့အဆောက်အအုံ၊ အာအိချိစီရင်စုနယ်အစိုးရ၊
2-6-1၊ဆန်းနော့မာရု နက-ခု၊ နဂိုယ 460-0001
ဖုန်း- 052-961-8744 / အီးမေးလ်- somu*aia.pref.aichi.jp (ခရေပွင့်သင်္ကေတ(*)ကို @ဖြင့် အစားထိုးပေးပါ။)
| ဆက်သွယ်ရန် | ဆိုက်မြေပုံ
(C)2011 AICHI INTERNATIONAL ASSOCIATION