TOP  >  MMR-TOP  >  ညှိနှိုင်းတိုင်ပင်မှုဆိုင်ရာ သာဓကများ  >  နေ့စဉ်ဘဝဆိုင်ရာ အချက်အလက်များ

ညှိနှိုင်းတိုင်ပင်မှုဆိုင်ရာ သာဓကများ


လူဝင်မှုကြီးကြပ်ရေး နေ့စဉ်ဘဝဆိုင်ရာ အချက်အလက်များ  နိုင်ငံတကာနှီးနှောဖလှယ်မှု
အလုပ်သမားရေး အခွန်များ အာမခံ / ပင်စင်လစာများ ကျန်းမာရေးစောင့်ရှောက်မှု / လူမှုဖူလုံရေး အိုးအိမ်ချထားခြင်း
အိမ်ထောင်ပြုခြင်း / ကွာရှင်းခြင်း မီးဖွားခြင်း ပညာရေး ယာဉ်မောင်းနှင်မှု အခြားသော နေ့စဉ်ဘဝဆိုင်ရာ အချက်အလက်များ

သက်ဆိုင်ရာအဖွဲ့အစည်းများစာရင်း / အညွှန်းသို့ပြန်သွားပါ

မိခင်နိုင်ငံ၌ရရှိခဲ့သော ယာဉ်မောင်းလိုင်စင်ကို ဂျပန်နိုင်ငံမှ ယာဉ်မောင်းလိုင်စင်နှင့် လဲလှယ်နိုင်ပါသလား။

အောက်ဖော်ပြပါအခြေအနေများနှင့် ပြည့်မီပါက ဂျပန်ယာဉ်မောင်းလိုင်စင် ရယူနိုင်ပါသည်။ လိုအပ်သော စာရွက်စာတမ်းများ ယူဆောင်လာပြီး အိုက်ချစီရင်စု ယာဉ်မောင်းလိုင်စင်စစ်ဆေးရေးစင်တာ (ဟိရဘရိ) သို့မဟုတ် ဟိဂရှိ-မိခဝ ယာဉ်မောင်းလိုင်စင်စင်တာ ၌ လျှောက်ထားပါ။

  1. ထုတ်ပေးသည့်နိုင်ငံတွင် တရားဝင်သော တရားဝင်ယာဉ်မောင်းလိုင်စင် ရှိရမည်ဖြစ်သည်။
  2. ယာဉ်မောင်းလိုင်စင်ရရှိပြီးနောက် ထုတ်ဝေပေးသည့်နိုင်ငံတွင် သုံးလ သို့မဟုတ် ထို့ထက်ကြာအောင် နေထိုင်ခဲ့ရပါမည်။

လိုအပ်သောစာရွက်စာတမ်းများမှာ အောက်ဖော်ြပပါအတိုင်းဖြစ်သည်။

  1. နိုင်ငံရပ်ခြား၌ထုတ်ဝေပေးသော ယာဉ်မောင်းလိုင်စင် (နှင့် ယာဉ်မောင်းလိုင်စင်နှင့်အတူ ဆောင်ထားရန်လိုအပ်ပါက ID)
  2. နိုင်ငံရပ်ခြားတွင်ထုတ်ဝေပေးခဲ့သည့် ယာဉ်မောင်းလိုင်စင်၏ ဂျပန်ဘာသာပြန်ဆိုချက် (ထုတ်ဝေသည့်နိုင်ငံ၏ စီမံရေးရာ သို့မဟုတ် ကောင်စစ်ဝန်ရုံး သို့မဟုတ် ဂျပန်မော်တော်ယာဉ်အဖွဲ့ချုပ် (JAF) မှဘာသာပြန်ဆိုထားခြင်း ဖြစ်ရမည်)
  3. ထွက်ခွာသည့်ရက်စွဲနှင့် ပြည်ဝင်သည့်ရက်စွဲများကို ရိုက်နှိပ်ထားသော ပတ်စ်ပို့အားလုံး (အသစ်နှင့် အဟောင်း) (ပတ်စ်ပို့အများအပြားရှိပါက အကုန်လုံး)
  4. နေထိုင်ခွင့်ကတ်
  5. နိုင်ငံသားခံယူမှုကို ဖော်ပြထားသော အာအိချိစီရင်စုနယ်တွင် နေထိုင်ခွင့်လက်မှတ် (သို့မဟုတ် မှတ်ပုံတင်ထားသော အမြဲတမ်းနေထိုင်သည့်နေရာ) (မိတ္တူလက်မခံပါ)
  6. ဓာတ်ပုံ 1 ပုံ (W 2.4 cm x H 3 cm၊ လွန်ခဲ့သည့်ခြောက်လအတွင်းရိုက်ကူးထားသောပုံ ဖြစ်ရမည်။ ဦးထုပ်ဆောင်းမထားရပါ (မျက်နှာကောက်ကြောင်းပေါ်သော ဘာသာရေး ခေါင်းစွပ် သို့မဟုတ် ဆေးကုသမှုဆိုင်ရာ ခေါင်းစွပ်မှလွဲ၍)။ အရှေ့ဘက်သို့ မျက်နှာမူထားပြီး ရင်ဘတ်အပေါ်ပိုင်းသာ ပါရပါမည်။ နောက်ခံပြောင်ဖြစ်ရပါမည်။)
  7. ဂျပန်ယာဉ်မောင်းလိုင်စင ်
    • သင့်လက်ဝယ်တွင်ရှိသော တရားဝင်ဂျပန်ယာဉ်မောင်းလိုင်စင်၊ ရှိပါက
    • ယခင်ရှိခဲ့သော ဂျပန်ယာဉ်မောင်းလိုင်စင်၊ ရှိပါက
  8. အခြား
    • သင့်ယာဉ်မောင်းလိုင်စင်အား ထုတ်ပေးသောနိုင်ငံမှ ယာဉ်မောင်းမှတ်တမ်း သို့မဟုတ် နေထိုင်မှုလက်မှတ်ကို လိုအပ်နိုင်သည်။
    • ထုတ်ပေးသည့်နိုင်ငံ သို့မဟုတ် အခြေအနေပေါ်မူတည်၍ အခြားစာရွက်စာတမ်းများကို လိုအပ်နိုင်သည်။

*သတင်းအချက်အလက်များ ပိုမိုသိရှိနိုင်စေရန်အတွက် အာအိချိစီရင်စု ယာဉ်မောင်းလိုင်စင်စစ်ဆေးရေးစင်တာ (ဟိရဘရိ) (ဖုန်း- 052-802-3211) သို့မဟုတ် ဟိဂရှိ-မိခဝ ယာဉ်မောင်းလိုင်စင် စင်တာထံဆက်သွယ်ပါ (ဖုန်း- 0533-85-7181)။

အထက်ဖော်ပြပါစာရွက်စာတမ်းများကို စစ်ဆေးပြီးနောက် ပင်ကိုစွမ်းရည် စစ်ဆေးခြင်း၊ လမ်းစည်းကမ်း အသိပညာစစ်ဆေးခြင်းနှင့် ယာဉ်မောင်းစွမ်းရည် စစ်ဆေးခြင်း (ဖော်ပြပါအစဉ်လိုက်အတိုင်း) များကို အောင်မြင်ရန် လိုအပ်ပါသည်။

လမ်းစည်းကမ်း အသိပညာစစ်ဆေးခြင်းကို ဂျပန်ဘာသာစကား (ခန်းဂျီးစကားလုံးများကို ဟီရဂနစကားလုံးများဖြင့်ဖော်ပြထားလျက်)၊ ပေါ်တူဂီဘာသာစကား၊ စပိန်ဘာသာစကား၊ အင်္ဂလိပ်ဘာသာစကား၊ တရုတ်ဘာသာစကား၊ ကိုရီးယားဘာသာစကား၊ ပါရှန်းဘာသာစကား အစရှိသည်တို့ဖြင့် စစ်ဆေးနိုင်ပါသည်။ ယာဉ်မောင်းစွမ်းရည်စစ်ဆေးခြင်းကို အောင်မြင်ပါက ယာဉ်မောင်းလိုင်စင်ကို ထိုနေ့၌ပင် ထုတ်ပေးမည်ဖြစ်သည်။

ပြန်ထိပ်

အာအိချိအပြည်ပြည်ဆိုင်ရာအသင်း
ဆန်းနော့မာရု တိုးချဲ့အဆောက်အအုံ၊ အာအိချိစီရင်စုနယ်အစိုးရ၊
2-6-1၊ဆန်းနော့မာရု နက-ခု၊ နဂိုယ 460-0001
ဖုန်း- 052-961-8744 / အီးမေးလ်- somu*aia.pref.aichi.jp (ခရေပွင့်သင်္ကေတ(*)ကို @ဖြင့် အစားထိုးပေးပါ။)
| ဆက်သွယ်ရန် | ဆိုက်မြေပုံ
(C)2011 AICHI INTERNATIONAL ASSOCIATION