TOP  >  MMR-TOP  >  ညှိနှိုင်းတိုင်ပင်မှုဆိုင်ရာ သာဓကများ  >  နေ့စဉ်ဘဝဆိုင်ရာ အချက်အလက်များ

ညှိနှိုင်းတိုင်ပင်မှုဆိုင်ရာ သာဓကများ


လူဝင်မှုကြီးကြပ်ရေး နေ့စဉ်ဘဝဆိုင်ရာ အချက်အလက်များ  နိုင်ငံတကာနှီးနှောဖလှယ်မှု
အလုပ်သမားရေး အခွန်များ အာမခံ / ပင်စင်လစာများ ကျန်းမာရေးစောင့်ရှောက်မှု / လူမှုဖူလုံရေး အိုးအိမ်ချထားခြင်း
အိမ်ထောင်ပြုခြင်း / ကွာရှင်းခြင်း မီးဖွားခြင်း ပညာရေး ယာဉ်မောင်းနှင်မှု အခြားသော နေ့စဉ်ဘဝဆိုင်ရာ အချက်အလက်များ

သက်ဆိုင်ရာအဖွဲ့အစည်းများစာရင်း / အညွှန်းသို့ပြန်သွားပါ

အမျိုးသားကျန်းမာရေးအာမခံအစီအစဉ် တွင်ပါဝင်ရန်အတွက် လိုအပ်ချက်များနှင့် လုပ်ငန်းစဉ်မှာ အဘယ်နည်း။

အောက်ဖော်ပြပါလိုအပ်ချက်များနှင့်ပြည့်မီပါက အမျိုးသားကျန်းမာရေးအာမခံအစီအစဉ် တွင် ပါဝင်မည်ဖြစ်သည်။

  1. နေထိုင်သူအဖြစ် စာရင်းသွင်းထားပါက။
  2. ဂျပန်နိုင်ငံတွင် သုံးလအထက် နေထိုင်ပါက။
  3. ကျန်းမာရေးအာမခံကဲ့သို့သော အခြားပြည်သူ့ဆေးကုသမှုအာမခံအတွက် အရည်အချင်းမပြည့်မီပါက။

သက်ဆိုင်ရာအုပ်ချုပ်ရေးရုံး၏ အမျိုးသားကျန်းမာရေးအာမခံကဏ္ဍ တွင် လျှောက်ထားပါ။ သင့်နေထိုင်ခွင့်ကတ်နှင့် တံဆိပ်တုံးကို ယူဆောင်လာရန် လိုအပ်ပါသည်။ အစီအစဉ်တွင်ပါဝင်သော အကြောင်းအရင်းအလိုက် လိုအပ်သောစာရွက်စာတမ်းများ ကွဲပြားပါသည်။ သက်ဆိုင်ရာဌာနသို့ ကြိုတင်ဆက်သွယ်ပါ။

သင့်မိသားစုဝင်များလည်း အစီအစဉ်တွင် ပါဝင်ပါက သူတို့၏ နေထိုင်ခွင့်ကတ်များ ကို ယူဆောင်လာရန် လိုအပ်သည်။ အုပ်ချုပ်ရေးအဖွဲ့အလိုက် ထည့်သွင်းရသည့်ပမာဏ ကွဲပြားပါသည်။ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် မေးမြန်းပါ။

ပြန်ထိပ်

ဝန်ထမ်းပင်စင်အာမခံ အတွက် အာမခံသွင်းငွေကို ကျွန်ုပ်၏လစာထဲမှ လစဉ်နှုတ်ယူပါသည်၊ ယင်းကို မဖြစ်မနေပေးသွင်းရပါမည်လား။

လူငါးယောက် သို့မဟုတ် ငါးယောက်အထက် အမြဲတမ်းဝန်ထမ်းများကို ခန့်အပ်ထားသော စီးပွားရေးလုပ်ငန်းများအားလုံး (ကုမ္ပဏီများ၊ စက်ရုံများ၊ ဆိုင်များ၊ ရုံးများ အစရှိသည်) သည် တရားဥပဒေအရ ဝန်ထမ်းပင်စင်အာမခံ တွင် ပါဝင်ရမည်ဖြစ်သည်။

ယင်းမှာ နိုင်ငံခြားသားလုပ်သားများအပေါ်လည်း သက်ရောက်မှုရှိသည်။ အာမခံသွင်းငွေများဆိုင်ရာ လုပ်ငန်းစဉ်နှင့် ငွေပေးချေမှုတို့ကို သင့်ကုမ္ပဏီမှ ဆောင်ရွက်ပေးမည်ဖြစ်သည်။

ပြန်ထိပ်

ကျွန်ုပ်၏နိုင်ငံသို့ မကြာမီပြန်တော့မည်ဖြစ်သည်။ ဂျပန်နိုင်ငံ၌နေထိုင်နေစဉ်အချိန်အတွင်း ကျွန်ုပ်ပေးဆောင်ခဲ့သော ပင်စင်ကြေးတစ်စိတ်တစ်ပိုင်းကို ပြန်ပေးမည်ဟု သိရှိရပါသည်။ ပြန်အမ်းငွေများကို မည်ကဲ့သို့ရယူနိုင်မည်နည်း။

အောက်ဖော်ပြပါအခြေအနေများနှင့် ပြည့်စုံပါက သင်၏နေထိုင်ခွင့်လက်မှတ်ပါ ရွှေ့ပြောင်းသောရက်စွဲ (စီစဉ်ထားသော) နောက်ပိုင်း နှစ်နှစ်အတွင်း တစ်ပေါင်းတည်းပေးချေငွေအား ပြန်ထုတ်ရန်အတွက် လျှောက်ထားနိုင်သည်။

  1. သင်သည် ဂျပန်နိုင်ငံသားမဟုတ်ရပါ။
  2. အမျိုးအစား 1 အာမခံထားရှိသူအဖြစ် ခြောက်လ သို့မဟုတ် ထို့ထက်ကြာအောင် (ပေးသွင်းငွေ အပြည့်အဝပေးသွင်းသော လအရေအတွက်၊ ပေးသွင်းငွေ 1/4 မှကင်းလွတ်ခွင့်ရသည့် လအရေအတွက်၏ 3/4၊ ပေးသွင်းငွေ 1/2 မှကင်းလွတ်ခွင့်ရသော လအရေအတွက်၏ 1/2 နှင့် ပေးသွင်းငွေ 3/4 မှကင်းလွတ်ခွင့်ရသည့် လအရေအတွက်၏ 1/4 ကိုပေါင်းထည့်ခြင်းဖြင့် တွက်ချက်သည်) အမျိုးသားပင်စင် အောက်တွင် အကျုံးဝင်ရမည်။ သို့မဟုတ် ဝန်ထမ်းပင်စင်အာမခံ အောက်တွင် ခြောက်လ သို့မဟုတ် ထို့ထက်ကြာအောင် အကျုံးဝင်ရပါမည်။
  3. ဂျပန်နိုင်ငံတွင် လိပ်စာမရှိရပါ။
  4. (မသန်စွမ်းခြင်းဆိုင်ရာ ခံစားခွင့်အပါအဝင်) ဂျပန်ပြည်သူ့ပင်စင်ကြေး ခံစားခွင့်များကို ခံစားခွင့် လုံးဝမရှိရပါ။

သတင်းအချက်အလက် ပိုမိုရရှိနိုင်ရန်အတွက် Japan Pension Service ဝက်ဘ်ဆိုဒ်တွင် ကြည့်ရှုပါ။ (https://www.nenkin.go.jp/service/jukyu/sonota-kyufu/dattai-ichiji/20150406.html) ထိုနေရာမှ လျှောက်လွှာကိုလည်း ဒေါင်းလုဒ်လုပ်နိုင်ပါသည်။

ပြန်ထိပ်

အာအိချိအပြည်ပြည်ဆိုင်ရာအသင်း
ဆန်းနော့မာရု တိုးချဲ့အဆောက်အအုံ၊ အာအိချိစီရင်စုနယ်အစိုးရ၊
2-6-1၊ဆန်းနော့မာရု နက-ခု၊ နဂိုယ 460-0001
ဖုန်း- 052-961-8744 / အီးမေးလ်- somu*aia.pref.aichi.jp (ခရေပွင့်သင်္ကေတ(*)ကို @ဖြင့် အစားထိုးပေးပါ။)
| ဆက်သွယ်ရန် | ဆိုက်မြေပုံ
(C)2011 AICHI INTERNATIONAL ASSOCIATION