TOP  >  MMR-TOP  >  ညှိနှိုင်းတိုင်ပင်မှုဆိုင်ရာ သာဓကများ  >  နေ့စဉ်ဘဝဆိုင်ရာ အချက်အလက်များ

ညှိနှိုင်းတိုင်ပင်မှုဆိုင်ရာ သာဓကများ


လူဝင်မှုကြီးကြပ်ရေး နေ့စဉ်ဘဝဆိုင်ရာ အချက်အလက်များ  နိုင်ငံတကာနှီးနှောဖလှယ်မှု
အလုပ်သမားရေး အခွန်များ အာမခံ / ပင်စင်လစာများ ကျန်းမာရေးစောင့်ရှောက်မှု / လူမှုဖူလုံရေး အိုးအိမ်ချထားခြင်း
အိမ်ထောင်ပြုခြင်း / ကွာရှင်းခြင်း မီးဖွားခြင်း ပညာရေး ယာဉ်မောင်းနှင်မှု အခြားသော နေ့စဉ်ဘဝဆိုင်ရာ အချက်အလက်များ

သက်ဆိုင်ရာအဖွဲ့အစည်းများစာရင်း / အညွှန်းသို့ပြန်သွားပါ

နိုင်ငံခြားသားအလုပ်သမားများသည်လည်း အခွန်များ ပေးဆောင်ရပါမည်လား။ ပေးဆောင်ရမည်ဆိုပါက ၎င်းတို့သည် မည်သည့်အခွန်များကို ပေးဆောင်ရမည်နည်း။

သင်သည် ဂျပန်နိုင်ငံတွင် အလုပ်လုပ်နေပါက (လစာကဲ့သို့သော သီးသန့်ဝင်ငွေပေါ်တွင် ကောက်ခံသည့်) ဝင်ငွေခွန်နှင့် နေထိုင်ခွန် (သင်၏စီရင်စုနယ်မှကောက်ခံသည့် နေထိုင်ခွန် + သင်၏အုပ်ချုပ်ရေးအဖွဲ့မှကောက်ခံသော စည်ပင်သာယာအခွန်) တို့ကို ပေးဆောင်ရမည်ဖြစ်သည်။ ယင်းမှာ မည်သည့်နိုင်ငံသားမဆို လူတိုင်းနှင့် သက်ဆိုင်ပါသည်။

စည်ပင်သာယာခွန်ကို လက်ရှိနှစ်၏ဇန်နဝါရီလ 1 ရက်နေ့မှစတင်၍ သင်နေထိုင်သောနေရာရှိ အုပ်ချုပ်ရေးအဖွဲ့ထံ ပေးဆောင်ရမည်ဖြစ်သည်။ နိုင်ငံခြားသားကျောင်းသားများသည်လည်း အချိန်ပိုင်းအလုပ်များမှ ၎င်းတို့ရရှိသည့်ဝင်ငွေပေါ်တွင် အခွန်ပေးဆောင်ရမည်ဖြစ်သည်။

ဝင်ငွေခွန်နှင့်ပတ်သက်၍ သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက အနီးအနားရှိ အခွန်ရုံးထံ ဆက်သွယ်ပါ။ နေထိုင်ခွန်အတွက် သင့်အုပ်ချုပ်ရေးရုံးရှိ Tax Section ကို ဆက်သွယ်ပါ။

ပြန်ထိပ်

ကျွန်ုပ်တောင်းဆိုသော်လည်း ကျွန်ုပ်၏ကုမ္ပဏီမှ အခွန်ထမ်းဖြတ်ပိုင်းကို မပေးပါ။

ကုမ္ပဏီတိုင်းသည် ၎င်း၏ဝန်ထမ်းများထံသို့ အခွန်ထမ်းဖြတ်ပိုင်းများထုတ်ပေးရန် တာဝန်ရှိပါသည်။ အကယ်၍ သင့်ကုမ္ပဏီသည် အခွန်ထမ်းဖြတ်ပိုင်းများကို မထုတ်ပေးပါက အခွန်ရုံးတွင် အခွန်ထမ်းဖြတ်ပိုင်းများထုတ်မပေးမှု အသိပေးစာ ကိုတင်ပြနိုင်သည်။

သတင်းချက်အလက်များ ပိုမိုသိရှိနိုင်စေရန်အတွက် နီးစပ်ရာ အခွန်ရုံးနှင့် ဆက်သွယ်ပါ။

ပြန်ထိပ်

ယခုနှစ်အတွင်း လိပ်စာအသစ်သို့ ပြောင်းရွှေ့သွားပါသည်၊ သို့သော် ကျွန်ုပ်၏ယခင်အုပ်ချုပ်ရေးအဖွဲ့ထံမှ အခွန်ပေးချေမှုဆိုင်ရာ အသိပေးချက်ကို ရရှိခဲ့ပါသည်။ ယင်းမှာ အဘယ်ကြောင့်နည်း။

ယခင်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ရရှိခဲ့သော သင်၏ဝင်ငွေပေါ်မူတည်၍ လက်ရှိနှစ် ဇန်နဝါရီလ 1 ရက်မှစတင်ကာ သင်နေထိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ထံတွင် နေထိုင်ခွန်ကို ပေးဆောင်ရမည်ဖြစ်သည်။

သင်သည် အောက်ဖော်ပြပါနည်းလမ်းများထဲမှတစ်နည်းဖြင့် အသိထားသောငွေပမာဏအား အုပ်ချုပ်ရေးအဖွဲ့ထံ ပေးဆောင်ရမည်ဖြစ်သည်။

  1. သင့်ကုမ္ပဏီသည် သင့်ကိုယ်စား နောက်နှစ် ဇွန်လမှ မေလအထိ သင့်လစာထဲမှ လစဉ်ငွေပေးချေမှုများ ပြုလုပ်ပေးမည်ဖြစ်သည်။
  2. အုပ်ချုပ်ရေးရုံးမှပေးပို့သော ငွေပေးချေမှုဖြတ်ပိုင်းများကိုအသုံးပြု၍ အခွန်ကို သင်ကိုယ်တိုင် ပေးချေရမည်ဖြစ်သည်။

ငွေပေးချေမှုမပြီးမြောက်မီ ကုမ္ပဏီမှ အလုပ်ထွက်လိုက်ပါက သို့မဟုတ် ကုမ္ပဏီမှ ရရှိသောလစာအပြင် အခြားဝင်ငွေရှိပါက ငွေပေးချေမှုဖြတ်ပိုင်းများကို အသုံးပြု၍ အခွန်ပေးဆောင်ရန်လိုအပ်ပါသည်။

ပြန်ထိပ်

နိုဝင်ဘာလတွင် ကျွန်ုပ်၏နိုင်ငံသို့ ပြန်မည်ဖြစ်သောကြောင့် ကျွန်ုပ်၏ကုမ္ပဏီ၌ နှစ်ကုန် အခွန်ချိန်ညှိမှုအတွက် စာရွက်စာတမ်းများကို ရရှိနိုင်မည်မဟုတ်ပါ။ မည်ကဲ့သို့ လုပ်သင့်ပါသနည်း။

သင့်နိုင်ငံသို့မပြန်မီ သင့်ဒေသခံအခွန်ရုံးတွင် အခွန်ရှင်းတမ်းကို ပေးပို့နိုင်သည့်အပြင် အခွန်ပြန်အမ်းငွေကို လက်ခံရယူရန် ကိုယ်စားလှယ်တစ်ဦး ခန့်အပ်နိုင်ပါသည် သို့မဟုတ် ကိုယ်စားလှယ်တစ်ဦးခန့်အပ်ပြီး အခွန်ရှင်းတမ်းလုပ်ငန်းစဉ်အားလုံးကို လွှဲအပ်ထားနိုင်ပါသည်။

ကိုယ်စားလှယ်သည် ဂျပန်နိုင်ငံတွင် နေရပ်လိပ်စာရှိသူဖြစ်ပြီး အခွန်များကို ပေးဆောင်နိုင်သူ သို့မဟုတ် အခွန်ပြန်အမ်းငွေများကို လက်ခံရယူနိုင်သူ ဖြစ်ရမည်ဖြစ်သည်။ ကိုယ်စားလှယ်တစ်ဦးခန့်အပ်ရန်အတွက် သင့်ဒေသခံအခွန်ရုံးသို့ အခွန်ကိုယ်စားလှယ်အသိပေးစာ ပေးပို့ရန် လိုအပ်ပါသည်။

အသိပေးချက်ပေးပို့ပြီးနောက် အခွန်နှင့်ဆက်စပ်သော စာရွက်စာတမ်းများအားလုံးကို သင်၏ကိုယ်စားလှယ်ထံသို့ ပေးပို့မည်ဖြစ်ပြီး နောက်ပိုင်းတွင် ထိုသူသည် အခွန်ရှင်းတမ်းများ ပေးပို့ပြီး အခွန်များပေးဆောင်နိုင်မည်ဖြစ်သည် သို့မဟုတ် သင့်ကိုယ်စား အခွန်ပြန်အမ်းငွေများကို လက်ခံရယူနိုင်မည်ဖြစ်သည်။

ပြန်ထိပ်

အာအိချိအပြည်ပြည်ဆိုင်ရာအသင်း
ဆန်းနော့မာရု တိုးချဲ့အဆောက်အအုံ၊ အာအိချိစီရင်စုနယ်အစိုးရ၊
2-6-1၊ဆန်းနော့မာရု နက-ခု၊ နဂိုယ 460-0001
ဖုန်း- 052-961-8744 / အီးမေးလ်- somu*aia.pref.aichi.jp (ခရေပွင့်သင်္ကေတ(*)ကို @ဖြင့် အစားထိုးပေးပါ။)
| ဆက်သွယ်ရန် | ဆိုက်မြေပုံ
(C)2011 AICHI INTERNATIONAL ASSOCIATION