TOP  >  MMR-TOP  >  ညှိနှိုင်းတိုင်ပင်မှုဆိုင်ရာ သာဓကများ  >  နေ့စဉ်ဘဝဆိုင်ရာ အချက်အလက်များ

ညှိနှိုင်းတိုင်ပင်မှုဆိုင်ရာ သာဓကများ


လူဝင်မှုကြီးကြပ်ရေး နေ့စဉ်ဘဝဆိုင်ရာ အချက်အလက်များ  နိုင်ငံတကာနှီးနှောဖလှယ်မှု
အလုပ်သမားရေး အခွန်များ အာမခံ / ပင်စင်လစာများ ကျန်းမာရေးစောင့်ရှောက်မှု / လူမှုဖူလုံရေး အိုးအိမ်ချထားခြင်း
အိမ်ထောင်ပြုခြင်း / ကွာရှင်းခြင်း မီးဖွားခြင်း ပညာရေး ယာဉ်မောင်းနှင်မှု အခြားသော နေ့စဉ်ဘဝဆိုင်ရာ အချက်အလက်များ

သက်ဆိုင်ရာအဖွဲ့အစည်းများစာရင်း / အညွှန်းသို့ပြန်သွားပါ

ကျွန်ုပ် အလုပ်ရှာနေပါသည်။

သင်သည် သတင်းစာများ အစရှိသည်တို့မှ သို့မဟုတ် နိုင်ငံခြားသားများအတွက် နာဂိုရ အလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုစင်တာ သို့မဟုတ် Hello Work ၌ အလုပ်ရှာနိုင်ပါသည်။ အဆိုပါစင်တာများသို့ သွားရောက်သောအခါတွင် သင်၏နေထိုင်မှုအခြေအနေနှင့် နေထိုင်ခွင့်ကာလတို့ကို အတည်ပြုရန်အတွက် သင့်ပတ်စ်ပို့နှင့် နေထိုင်ခွင့်ကတ်ကို ပြသရန် လိုအပ်မည်ဖြစ်သည်။

Hello Work ဝဘ်ဆိုဒ်တွင်လည်း အလုပ်ခေါ်စာများကို ကြည့်ရှုနိုင်ပါသည်။
https://www.hellowork.mhlw.go.jp/member/mem_top.html

ပြန်ထိပ်

နိုင်ငံခြားသားကျောင်းသားတစ်ဦးသည် ဂျပန်နိုင်ငံ၌ အလုပ်ရနိုင်မည့် အချက်အလက်များကို မည်ကဲ့သို့တွေ့ရှိနိုင်မည်နည်း။

သင့်တက္ကသိုလ်ရှိ နိုင်ငံတကာကျောင်းသားများရုံး သို့မဟုတ် အလုပ်အကိုင်ရှာဖွေရေးရုံးထံ ဆက်သွယ်နိုင်ပါသည်။

ဝန်ထမ်းသစ်ခေါ်ယူရေးအချက်အလက်ပါ မဂ္ဂဇင်းများတွင်လည်း ကြည့်ရှုနိုင်ပါသည် သို့မဟုတ် နိုင်ငံခြားသားကျောင်းသားများအတွက်ကျင်းပပေးသော ဝန်ထမ်းသစ်စုဆောင်းရေးနှီးနှောဖလှယ်ပွဲများကို တက်ရောက်နိုင်ပါသည်။ နိုင်ငံခြားသားများအတွက် နာဂိုရ အလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုစင်တာမှလည်း သင့်အား ကူညီနိုင်ပါသည်။

နိုင်ငံခြားသားများအတွက် နာဂိုရ အလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုစင်တာ https://jsite.mhlw.go.jp/aichi-foreigner/

ပြန်ထိပ်

ကျွန်ုပ်သည် နိုင်ငံခြားသားကျောင်းသားတစ်ဦး ဖြစ်ပါသည်။ အချိန်ပိုင်းအလုပ် လုပ်နိုင်ပါသလား။

အချိန်ပိုင်းအလုပ်လုပ်ရန်အတွက် ယခင်ခွင့်ပြုထားခဲ့သော နေထိုင်မှုအခြေအနေအရ ခွင့်ပြုထားသည့် လှုပ်ရှားမှုများမဟုတ်သော အခြားလှုပ်ရှားမှုတွင် ပါဝင်ရန်ခွင့်ပြုချက် ရယူရမည်ဖြစ်သည်။ သင်သည် တစ်ပတ်တွင် 28 နာရီအထိ (ရက်ရှည် ကျောင်းအားလပ်ရက်များတွင် တစ်ရက်လျှင် 8 နာရီအထိ) အချိန်ပိုင်းအလုပ်လုပ်နိုင်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများမှာ အောက်ဖော်ြပပါအတိုင်းဖြစ်သည်။

  1. ယခင်ခွင့်ပြုထားခဲ့သော နေထိုင်မှုအခြေအနေအရ ခွင့်ပြုထားသည့် လှုပ်ရှားမှုများမဟုတ်သော အခြားလှုပ်ရှားမှုတွင် ပါဝင်ခွင့်လျှောက်လွှာ (ဒေသဆိုင်ရာ လူဝင်ရှုကြီးကြပ်ရေးသတင်းအချက်အလက်ဌာနများတွင် ရယူနိုင်ပါသည်)
  2. (သင်၏နေထိုင်မှုအခြေအနေသည် “Student,” “Dependent” သို့မဟုတ် (အချို့အခြေအနေများတွင်) “Designated Activities” ဖြစ်ပြီး သင်သည် လုံးဝဥဿုံခွင့်ပြုချက်ရရှိရန် လျှောက်ထားပါက) ခွင့်ပြုချက်ရရှိလိုသော လှုပ်ရှားဆောင်ရွက်မှုကို ပြတ်ပြတ်သားသားဖော်ပြထားသည့် စာရွက်စာတမ်း(များ)
  3. နေထိုင်ခွင့်ကတ်
  4. ပတ်စ်ပို့

လုပ်ငန်းစဉ်ကို နာဂိုရဒေသဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးသတင်းအချက်အလက်ဌာန၌ ဆောင်ရွက်ပါသည်။ သတင်းအချက်အလက်များ ပိုမိုသိရှိနိုင်စေရန်အတွက် နာဂိုရဒေသဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးသတင်းအချက်အလက်ဌာန သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးသတင်းအချက်အလက်စင်တာသို့ ဆက်သွယ်ပါ။

ပြန်ထိပ်

အလုပ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ စက်မှုလုပ်ငန်းဆိုင်ရာ မတော်တဆမှုလျော်ကြေး အာမခံအတွက် အရည်အချင်းပြည့်မီပါသလား။

(တရားမဝင်အလုပ်သမားများအပါအဝင်) နိုင်ငံခြားသားအလုပ်သမားများသည် စက်မှုလုပ်ငန်းဆိုင်ရာ မတော်တဆမှုလျော်ကြေး အာမခံအရ လျော်ကြေးရရှိနိုင်ပါသည်။

စက်မှုလုပ်ငန်းဆိုင်ရာ မတော်တဆမှုလျော်ကြေး အာမခံတွင် ဖျားနာမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ မသန်စွမ်းမှု သို့မဟုတ် အလုပ်ခွင်အတွင်း သို့မဟုတ် အလုပ်ခွင်သို့အသွားအပြန်၌ သေဆုံးခြင်းများ အကျုံးဝင်ပါသည်။ အနည်းဆုံး အလုပ်သမားတစ်ယောက် ခန့်အပ်ထားသော ကုမ္ပဏီတိုင်းတွင် စက်မှုလုပ်ငန်းဆိုင်ရာ မတော်တဆမှုလျော်ကြေး အာမခံနှင့် ချိတ်ဆက်ထားရန် တာဝန်ရှိသည်။ သင့်ကုမ္ပဏီသည် သင့်အတွက် အာမခံထားပေးရန် ငြင်းဆိုပါက သင့်ကုမ္ပဏီကို တာဝန်ယူထားသော အလုပ်သမားစံနှုန်းများစစ်ဆေးရေးရုံး သို့မဟုတ် နိုင်ငံရပ်ခြားအလုပ်သမားများအတွက် ဆွေးနွေးတိုင်ပင်ခြင်းဝန်ဆောင်မှု အာအိချိအလုပ်သမားအချက်အလက်ဌာန ထံဆက်သွယ်ပါ။


နိုင်ငံရပ်ခြားအလုပ်သမားများအတွက် ဆွေးနွေးတိုင်ပင်ခြင်းဝန်ဆောင်မှု
စစ်ဆေးရေးဌာနခွဲ၊ အလုပ်သမားစံနှုန်းများဌာန၊ အာအိချိအလုပ်သမားအချက်အလက်ဌာန
ဖုန်း 052-972-0253
ဘာသာစကား ပေါ်တူဂီဘာသာစကား (အင်္ဂါ–သောကြာ)၊ အင်္ဂလိပ်ဘာသာစကား (အင်္ဂါ၊ ကြာသပတေး)
ခေါ်ဆိုနိုင်သည့်အချိန် 9:30–12:00၊ 13:00–16:00

တိုယိုဟရှိ အလုပ်သမားစံနှုန်းများစစ်ဆေးရေးရုံး
ဖုန်း 0532-54-1192
ဘာသာစကား ပေါ်တူဂီဘာသာစကား (အင်္ဂါ၊ ကြာသပတေး)
ခေါ်ဆိုနိုင်သည့်အချိန် 9:30–12:00၊ 13:00–16:00

ခရိယ အလုပ်သမားစံနှုန်းများစစ်ဆေးရေးရုံး
ဖုန်း 0566-21-4885
ဘာသာစကား ပေါ်တူဂီဘာသာစကား (တနင်္လာ၊ ကြာသပတေး)
ခေါ်ဆိုနိုင်သည့်အချိန် 9:30–12:00၊ 13:00–16:00

နာဂိုရ-နိရှိ အလုပ်သမားစံနှုန်းများစစ်ဆေးရေးရုံး
ဖုန်း 052-481-9533
ဘာသာစကား ဗီယက်နမ်ဘာသာစကား (ကြာသပတေး)
ခေါ်ဆိုနိုင်သည့်အချိန် 9:30–12:00၊ 13:00–16:00

ပြန်ထိပ်

အလုပ်ခန့်အပ်မှုအာမခံမှာ အဘယ်နည်း။ ကျွန်ုပ်သည် ယင်းအတွက် အရည်အချင်းပြည့်မီပါသလား။

အလုပ်ခန့်အပ်မှုအာမခံမှာ အလုပ်သမားများ၏အလုပ်ခန့်အပ်မှု တည်မြဲစေရန်နှင့် အလုပ်လက်မဲ့ အလုပ်သမားများ တည်ငြိမ်သောဘဝဖြင့် ရှေ့ဆက်နိုင်စေရန်နှင့် အလုပ်အသစ်ရှာဖွေနိုင်စေရန်အလို့ငှာ ၎င်းတို့ကို အလုပ်လက်မဲ့ခံစားခွင့်များပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။

ယင်းမှာ နိုင်ငံခြားသားများအပါအဝင် ဂျပန်နိုင်ငံ၌တည်ထောင်ထားသော စီးပွားရေးလုပ်ငန်းမှ အလုပ်ခန့်အပ်ထားသူတိုင်းအတွက် တာဝန်ဖြစ်သည်။ သို့သော် တစ်ပတ်လျှင် နာရီ 20 အောက်အလုပ်လုပ်သော အချိန်ပိုင်းအလုပ်သမားများအပါအဝင် ရေတိုအလုပ်သမားများနှင့် သက်ဆိုင်ခြင်းမရှိပါ။

အာမခံကတ်ပြားကို အလုပ်ရှင်မှတဆင့် ထုတ်ပေးပါသည်။

အလုပ်ခန့်အပ်မှုအာမခံတွင် အလုပ်မှထွက်ပြီးနောက် ရက်ပေါင်း 90 မှ ရက်ပေါင်း 360 အတွက်ပေးထားသော အခြေခံ,ခံစားခွင့်များ ပါဝင်ပါသည်။ အဆိုပါခံစားခွင့်များအတွက် လုပ်ငန်းစဉ်ကို သင်အလုပ်ထွက်ပြီးနောက် ဆောင်ရွက်ရမည်ဖြစ်သည်။

သတင်းချက်အလက်များ ပိုမိုသိရှိနိုင်စေရန်အတွက် နီးစပ်ရာ Hello Work ရုံးနှင့် ဆက်သွယ်ပါ။

ပြန်ထိပ်

ကျွန်ုပ်အလုပ်လုပ်သောကုမ္ပဏီသည် ဒေဝါလီခံလိုက်ရပါသည်။ ကျွန်ုပ် လစာမရသေးပါ။ မည်ကဲ့သို့ လုပ်သင့်ပါသနည်း။

လုပ်အားခများသည် အလုပ်သမားတစ်ယောက်အတွက် အရေးအကြီးဆုံးဖြစ်သည်။ တရားမဥပဒေတွင် မပေးချေသော လုပ်အားခများအား တောင်းခံချက်များကို အခြားသောတောင်းခံချက်များထက် ဦးစားပေးပါသည်။

သင့်လစာမရသေးပါက သင့်ကုမ္ပဏီကို တာဝန်ယူထားသော အလုပ်သမားစံနှုန်းများစစ်ဆေးရေးရုံးနှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ သင် ဂျပန်စကားမပြောတတ်ပါက ဂျပန်စကားနားလည်သူတစ်စုံတစ်ယောက်နှင့်အတူ လာရောက်နိုင်ပါသည်။

အောက်ဖော်ပြပါ အလုပ်သမားစံနှုန်းများစစ်ဆေးရေးရုံးများတွင် ဘာသာစကားမျိုးစုံဖြင့် ဆွေးနွေးတိုင်ပင်မှုများ ဆောင်ရွက်ပေးပါသည်။


နိုင်ငံရပ်ခြားအလုပ်သမားများအတွက် ဆွေးနွေးတိုင်ပင်ခြင်းဝန်ဆောင်မှု

စစ်ဆေးရေးဌာနခွဲ၊ အလုပ်သမားစံနှုန်းများဌာန၊ အာအိချိအလုပ်သမားအချက်အလက်ဌာန

ဖုန်း 052-972-0253
ဘာသာစကား ပေါ်တူဂီဘာသာစကား (အင်္ဂါ–သောကြာ)၊ အင်္ဂလိပ်ဘာသာစကား (အင်္ဂါ၊ ကြာသပတေး)
ခေါ်ဆိုနိုင်သည့်အချိန် 9:30–12:00၊ 13:00–16:00

တိုယိုဟရှိ အလုပ်သမားစံနှုန်းများစစ်ဆေးရေးရုံး
ဖုန်း 0532-54-1192
ဘာသာစကား ပေါ်တူဂီဘာသာစကား (အင်္ဂါ၊ ကြာသပတေး)
ခေါ်ဆိုနိုင်သည့်အချိန် 9:30–12:00၊ 13:00–16:00

ခရိယ အလုပ်သမားစံနှုန်းများစစ်ဆေးရေးရုံး
ဖုန်း 0566-21-4885
ဘာသာစကား ပေါ်တူဂီဘာသာစကား (တနင်္လာ၊ ကြာသပတေး)
ခေါ်ဆိုနိုင်သည့်အချိန် 9:30–12:00၊ 13:00–16:00

နာဂိုရ-နိရှိ အလုပ်သမားစံနှုန်းများစစ်ဆေးရေးရုံး
ဖုန်း 052-481-9533
ဘာသာစကား ဗီယက်နမ်ဘာသာစကား (ကြာသပတေး)
ခေါ်ဆိုနိုင်သည့်အချိန် 9:30–12:00၊ 13:00–16:00

ပြန်ထိပ်

ကျွန်ုပ်အလုပ်လုပ်သောကုမ္ပဏီသည် ကျွန်ုပ်အား ရုတ်တရက်အလုပ်ဖြုတ်လိုက်ပါသည်။ မည်ကဲ့သို့ လုပ်သင့်ပါသနည်း။

အလုပ်သမားတစ်ဦးကို အလုပ်ဖြုတ်သည့်အခါတွင် ကုမ္ပဏီသည် စည်းမျဉ်းအရ အလုပ်မဖြုတ်မီ အနည်းဆုံးရက် 30 ကြိုတင်၍ အလုပ်ဖြုတ်ကြောင်း အလုပ်သမားကို အကြောင်းကြားရမည်ဟု အလုပ်သမားစံနှုန်းများ အက်ဥပဒေတွင် ပြဌာန်းထားပါသည်။

ကုမ္ပဏီမှ ထိုသို့လုပ်ဆောင်ရန် ပျက်ကွက်ပါက အလုပ်ဖြုတ်ခြင်းဆိုင်ရာ ခံစားခွင့်ကို ပေးချေရန် လိုအပ်ပါသည်။

အချို့သော အလုပ်ဖြုတ်ရခြင်းအကြောင်းအရင်းများသည် မမျှမတဖြစ်နိုင်ပါသည်။ အမှုထားဖွယ်ရာကိစ္စရပ်တစ်စုံတစ်ရာရှိပါက သင့်ကုမ္ပဏီကို တာဝန်ယူထားသော အလုပ်သမားစံနှုန်းများစစ်ဆေးရေးရုံး သို့မဟုတ် နိုင်ငံရပ်ခြားအလုပ်သမားများအတွက် ဆွေးနွေးတိုင်ပင်ခြင်းဝန်ဆောင်မှုထံဆက်သွယ်ပါ။

ခွင့်မတိုင်ဘဲ အလုပ်ပျက်ကွက်ပါက သို့မဟုတ် အလုပ်ဖြုတ်ကြောင်း အကြောင်းကြားခံရပြီးနောက် အလုပ်ဖြုတ်ခြင်းဆိုင်ရာ ခံစားခွင့် သို့မဟုတ် အလုပ်ဖြုတ်သည့်လျော်ကြေးကို လက်ခံရယူပါက အလုပ်ဖြုတ်ခြင်းကို သင်လက်ခံသည်ဟု ယူဆမည်ဖြစ်ကြောင်း မှတ်သားပါ။

ပြန်ထိပ်

ကျွန်ုပ် သုံးနှစ်ကြာအလုပ်လုပ်ခဲ့သော ကုမ္ပဏီမှ ကျွန်ုပ်အား အလုပ်ဖြုတ်လိုက်ပါသည်။ အလုပ်လက်မဲ့ခံစားခွင့်များကို မည်ကဲ့သို့ရရှိနိုင်မည်နည်း။

ကိုယ်ရေးကိုယ်တာ အကြောင်းအရင်းများကြောင့် ဂျပန်ကုမ္ပဏီမှ အလုပ်ထွက်သောအခါ သို့မဟုတ် အလုပ်ဖြုတ်ခံရသောအခါတွင် နိုင်ငံခြားအလုပ်သမားများသည် အောက်ဖော်ပြပါစည်းမျဉ်းများနှင့်ပြည့်စုံနေပြီး Hello Work မှအတည်ပြုထားပါက အလုပ်လက်မဲ့ခံစားခွင့်များကို ရရှိနိုင်ပါသည်။

သို့သော် အလုပ်ခန့်အပ်မှုအာမခံတွင် နေထိုင်မှုအခြေအနေ ယာယီအလည်အပတ်လာသူ သို့မဟုတ် ကုမ္ပဏီ၏ ရုံးခွဲသို့ယာယီလာရောက်လုပ်ကိုင်သူ ဖြစ်နေသူများ အကျုံးမဝင်ပါ။

<စည်းမျဉ်းများ>

  1. သင်သည် အလုပ်ခန့်အပ်မှုအာမခံတွင် အလုပ်ထွက်သည့်ရက်မတိုင်မီ နှစ်နှစ်အတွင်း အနည်းဆုံး တစ်ဆယ့်နှစ်လကြာ (ဒေဝါလီခံသည့်အခါ၊ အလုပ်ဖြုတ်သည့်အခါ သို့မဟုတ် အလုပ်ခန့်အပ်မှုစာချုပ်ကို ရပ်ဆိုင်းသည့်အခါတွင် အလုပ်ထွက်သည့်ရက်မတိုင်မီ တစ်နှစ်အတွင်း အနည်းဆုံး ခြောက်လကြာ) အကျုံးဝင်ရမည်။
  2. အလုပ်ထွက်လိုက်သောကြောင့် အာမခံမရရှိတော့ကြောင်း သက်သေပြရမည်။
  3. အလုပ်လုပ်လိုလျှင်တောင်မှ အလုပ်ရှာမရနိုင်ဘဲရှိနေသည်။

အလုပ်လက်မဲ့ခံစားခွင့်များ ရယူရန်အတွက် Hello Work ၌ အလုပ်ရှာသူတစ်ဦးအဖြစ် စာရင်းသွင်းရန်လိုအပ်ပြီး ခံစားခွင့်များအတွက် အရည်အချင်းပြည့်မီပြီးနောက် သတ်မှတ်ထားသောရက်များတွင် (28 ရက်တိုင်း) Hello Work ထံ ဝင်ရောက်ကြည့်ရှုပါ။

လိုအပ်သောစာရွက်စာတမ်းများမှာ အောက်ဖော်ြပပါအတိုင်းဖြစ်သည်။

  1. လက်တွဲဖြုတ်ကြောင်း အသိပေးချက်–1 နှင့် 2 (သင် အလုပ်လက်မဲ့ဖြစ်ပြီးနောက် အလုပ်ရှင်မှ ပေးအပ်သော)
  2. သင်၏ My Number (My Number ကတ်၊ အသိပေးချက်ကတ် သို့မဟုတ် My Number ပါရှိသော နေထိုင်ခွင့်လက်မှတ်) ကိုသက်သေပြထားသော စာရွက်စာတမ်း
  3. ID (My Number ကတ်၊ နေထိုင်ခွင့်ကတ် အစရှိသည်)
  4. ဓာတ်ပုံ 2 ပုံ (3 cm x 2.5 cm)
  5. သင့်အမည်ဖြင့် ပုံမှန်ငွေစုအကောင့်စာအုပ်
  6. တံဆိပ်တုံး (သို့မဟုတ် လက်ဖြင့်ရေးထိုးထားသော လက်မှတ်)

ပြန်ထိပ်

အာအိချိအပြည်ပြည်ဆိုင်ရာအသင်း
ဆန်းနော့မာရု တိုးချဲ့အဆောက်အအုံ၊ အာအိချိစီရင်စုနယ်အစိုးရ၊
2-6-1၊ဆန်းနော့မာရု နက-ခု၊ နဂိုယ 460-0001
ဖုန်း- 052-961-8744 / အီးမေးလ်- somu*aia.pref.aichi.jp (ခရေပွင့်သင်္ကေတ(*)ကို @ဖြင့် အစားထိုးပေးပါ။)
| ဆက်သွယ်ရန် | ဆိုက်မြေပုံ
(C)2011 AICHI INTERNATIONAL ASSOCIATION