TOP  >  MMR-TOP  >  ညှိနှိုင်းတိုင်ပင်မှုဆိုင်ရာ သာဓကများ  >  လူဝင်မှုကြီးကြပ်ရေး

ညှိနှိုင်းတိုင်ပင်မှုဆိုင်ရာ သာဓကများ


လူဝင်မှုကြီးကြပ်ရေး နေ့စဉ်ဘဝဆိုင်ရာ အချက်အလက်များ နိုင်ငံတကာနှီးနှောဖလှယ်မှု
နေထိုင်ခွင့်ကာလ သက်တမ်းတိုးခြင်း နေထိုင်မှုအခြေအနေ ပြောင်းလဲခြင်း ပတ်စ်ပို့ နေထိုင်ခွင့်ကတ် ယာယီပြန်ခြင်း
အမြဲတမ်းနေထိုင်ခွင့် နိင်ငံသားခံယူခြင်း

သက်ဆိုင်ရာအဖွဲ့အစည်းများစာရင်း / အညွှန်းသို့ပြန်သွားပါ

ဂျပန်နိုင်ငံတွင် အမြဲတမ်းနေထိုင်လိုပါသည်။ မည်သည်တို့ကို လိုအပ်သနည်း။

“အမြဲတမ်းနေထိုင်သူ”မှာ နိုင်ငံခြားသားကို လှုပ်ရှားဆောင်ရွက်မှုများ သို့မဟုတ် နေထိုင်ခွင့်ကာလ အကန့်အသတ်မရှိဘဲ ဂျပန်နိုင်ငံတွင် နေထိုင်ခွင့်ပြုထားသည့် နေထိုင်ခွင့်အခြေအနေတစ်ရပ် ဖြစ်ပါသည်။ အထွေထွေလိုအပ်ချက်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်။ သင်၏လက်ရှိနေထိုင်ခွင့်အခြေအနေပေါ်မူတည်၍ အချို့သောအနေအထားများကို လျှော့ပေါ့ပေးနိုင်ပါသည်။

  1. ပြုမူနေထိုင်မှုပုံစံ ကောင်းမွန်ရမည်။
  2. အမှီအခိုကင်းသော စားဝတ်နေရေးကို ထိန်းထားနိုင်သည့် ငွေကြေးပိုင်ဆိုင်မှု သို့မဟုတ် စွမ်းရည်များ ရှိရမည်။
  3. သင်၏အမြဲတမ်းနေထိုင်ခွင့်သည် ဂျပန်နိုင်ငံအပေါ် စိတ်ပါဝင်စားမှုကြောင့် ဖြစ်ရမည်။ (ဂျပန်နိုင်ငံတွင် 10 နှစ် သို့မဟုတ် ထို့ထက်ကြာအောင် နေထိုင်ထားရမည် (အချို့သောအခြေအနေများမှလွဲ၍)၊ ဒဏ်ငွေရိုက်ခံရခြင်း သို့မဟုတ် ထောင်ကျခြင်းတို့ လုံးဝမကြုံဖူးသူဖြစ်ရမည်၊ အခွန်ထမ်းခြင်း အစရှိသော ပြည်သူ့တာဝန်များကို ပြည့်မြောက်အောင် ထမ်းဆောင်ထားရမည်)။

လုပ်ငန်းစဉ်ကို နာဂိုရဒေသဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးသတင်းအချက်အလက်ဌာန၌ ဆောင်ရွက်ပါသည်။ သတင်းအချက်အလက် ပိုမိုရရှိနိုင်ရန်အတွက် အောက်ပါဝက်ဘ်ဆိုဒ်တွင် ကြည့်ရှုပါ။ နာဂိုရဒေသဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးသတင်းအချက်အလက်ဌာနအတွင်းရှိ နာဂိုရဒေသဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးသတင်းအချက်အလက်စင်တာ၌လည်း သတင်းအချက်အလက် ရယူနိုင်ပါသည်။


တရားရေးဝန်ကြီးဌာန "အမြဲတမ်းနေထိုင်ခွင့်အတွက် ခွင့်ပြုချက်ရယူရန် လမ်းညွှန်ချက်များ"
URL: http://www.moj.go.jp/nyuukokukanri/kouhou/nyukan_nyukan50.html

အာအိချိအပြည်ပြည်ဆိုင်ရာအသင်း
ဆန်းနော့မာရု တိုးချဲ့အဆောက်အအုံ၊ အာအိချိစီရင်စုနယ်အစိုးရ၊
2-6-1၊ဆန်းနော့မာရု နက-ခု၊ နဂိုယ 460-0001
ဖုန်း- 052-961-8744 / အီးမေးလ်- somu*aia.pref.aichi.jp (ခရေပွင့်သင်္ကေတ(*)ကို @ဖြင့် အစားထိုးပေးပါ။)
| ဆက်သွယ်ရန် | ဆိုက်မြေပုံ
(C)2011 AICHI INTERNATIONAL ASSOCIATION