TOP  >  MMR-TOP  >  ညှိနှိုင်းတိုင်ပင်မှုဆိုင်ရာ သာဓကများ  >  လူဝင်မှုကြီးကြပ်ရေး

ညှိနှိုင်းတိုင်ပင်မှုဆိုင်ရာ သာဓကများ


လူဝင်မှုကြီးကြပ်ရေး နေ့စဉ်ဘဝဆိုင်ရာ အချက်အလက်များ နိုင်ငံတကာနှီးနှောဖလှယ်မှု
နေထိုင်ခွင့်ကာလ သက်တမ်းတိုးခြင်း နေထိုင်မှုအခြေအနေ ပြောင်းလဲခြင်း ပတ်စ်ပို့ နေထိုင်ခွင့်ကတ် ယာယီပြန်ခြင်း
အမြဲတမ်းနေထိုင်ခွင့် နိင်ငံသားခံယူခြင်း

သက်ဆိုင်ရာအဖွဲ့အစည်းများစာရင်း / အညွှန်းသို့ပြန်သွားပါ

နေထိုင်ခွင့်ကတ်ပြားကို မည်ကဲ့သို့ရရှိနိုင်မည်နည်း။

နေထိုင်ခွင့်စီမံခန့်ခွဲရေးစနစ်သည် အလယ်အလတ်နှင့် ကာလရှည်နေထိုင်သော နိုင်ငံခြားသားနေထိုင်သူများကို ဦးတည်ခြင်းဖြစ်ပါသည်။ အောက်ဖော်ပြပါအချက်တို့နှင့်မငြိစွန်းသူများသည် နေထိုင်ခွင့်ကတ်ပြား ရရှိနိုင်ပါသည်။

  1. နေထိုင်မှုကာလ သုံးလ သို့မဟုတ် ၎င်းအောက်နည်းသူများ
  2. နေထိုင်မှုအခြေအနေ ယာယီအလည်အပတ်လာသူ ဖြစ်သူများ
  3. နေထိုင်မှုအခြေအနေ သံတမန် သို့မဟုတ် အစိုးရတာဝန်အရ လာရောက်သူ ဖြစ်သူများ
  4. အထက်ဖော်ပြပါအချက် 1-3 နှင့်ငြိစွန်းနေကြောင်း တရားရေးဝန်ကြီးဌာနမှ သတိထားမိသူများ
  5. အထူး အမြဲတမ်းနေထိုင်သူများ
  6. နေထိုင်မှုအခြေအနေတစ်ရပ်မရှိသူများ

ပြည်ဝင်ပေါက်၌ သင်၏ပတ်စ်ပို့တွင် ပြည်ဝင်ခွင့်ကို ခွင့်ပြုပေးပါသည်။ ပြည်ဝင်ခွင့်အရ သင်သည် အလယ်အလတ် သို့မဟုတ် ကာလရှည်နေထိုင်သူဖြစ်ပါက သင့်အား နေထိုင်ခွင့်ကတ်ပြား ထုတ်ပေးမည်ဖြစ်သည်။ နေထိုင်ခွင့်ကတ်ပြားကို နာရိတလေဆိပ်၊ ဟနဲဒလေဆိပ်၊ ချုဘူလေဆိပ်၊ခန်းဆိုင်းလေဆိပ်၊ ရှင်-ချိတိုဆဲလေဆိပ်၊ ဟီရိုရှီးမားလေဆိပ် သို့မဟုတ် ဖူခုအိုခလေဆိပ်တို့တွင် ထုတ်ပေးပါသည်။ အထက်ဖော်ပြပါတို့မဟုတ်သည့် ပြည်ဝင်ပေါက်ကို အသုံးပြုခဲ့ပါက ဒေသဆိုင်ရာအုပ်ချုပ်ရေးရုံး၌ နေထိုင်ကြောင်းအသိပေးလွှာကို တင်သွင်းပြီးနောက် နေထိုင်ခွင့်ကတ်ပြားကို သင့်ထံအီးမေးလ်ဖြင့် ပေးပို့မည်ဖြစ်သည်။

ပြန်ထိပ်

ကျွန်ုပ် လိပ်စာအသစ်သို့ ပြောင်းရွှေ့သွားပါသည်။ ကျွန်ုပ်၏နေထိုင်ခွင့်ကတ်ပြားတွင် လိပ်စာကို မည်ကဲ့သို့ပြောင်းရမည်နည်း။

သင်၏လက်ရှိ ဒေသန္တရအုပ်ချုပ်ရေးမြို့မှ အခြားသော ဒေသန္တရအုပ်ချုပ်ရေးမြို့ သို့မဟုတ် နိုင်ငံသို့ ပြောင်းရွှေ့သွားပါက ပြောင်းရွှေ့ထွက်ခွာကြောင်း အကြောင်းကြားစာနှင့် ပြောင်းရွေ့နေထိုင်ကြောင်း အကြောင်းကြားစာတို့ကို သင်၏လက်ရှိအုပ်ချုပ်ရေးအဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့သစ်တို့ထံသို့ အသီးသီးတင်သွင်းရန် လိုအပ်ပါသည်။ ပြောင်းရွှေ့မည့်ရက်မတိုင်မီ 14 ရက်ကြိုတင်၍ ပြောင်းရွှေ့ထွက်ခွာကြောင်း အကြောင်းကြားစာကို သင်၏လက်ရှိအုပ်ချုပ်ရေးအဖွဲ့ထံ တင်သွင်းနိုင်ပါသည်။ သင်၏လက်ရှိအုပ်ချုပ်ရေးအဖွဲ့သည် ပြောင်းရွှေ့ကြောင်းလက်မှတ် ထုတ်ပေးမည်ဖြစ်သောကြောင့် အဆိုပါလက်မှတ်ကို သင်၏အုပ်ချုပ်ရေးအဖွဲ့သစ်ထံ ပြောင်းရွှေ့သည့်ရက်မှ 14 ရက်အတွင်း တင်သွင်းရန် လိုအပ်ပါသည်။ တူညီသော ဒေသန္တရအုပ်ချုပ်ရေးမြို့အတွင်း ပြောင်းရွှေ့သွားပါက ပြောင်းရွှေ့ကြောင်း အကြောင်းကြားစာကို သင်၏အုပ်ချုပ်ရေးအဖွဲ့ထံ ပြောင်းရွှေ့သည့်ရက်မှ 14 ရက်အတွင်း တင်သွင်းရန် လိုအပ်ပါသည်။ သင်၏အုပ်ချုပ်ရေးအဖွဲ့သစ်ရုံးတွင် ပြောင်းရွှေ့နေထိုင်ကြောင်း အကြောင်းကြားစာကို တင်သွင်းပြီးနောက် သင့်နေထိုင်ခွင့်ကတ် နောက်ကျော၌ လိပ်စာအသစ်ကို ရိုက်နှိပ်ပေးမည်ဖြစ်သည်။

ပြန်ထိပ်

ကျွန်ုပ်၏နေထိုင်ခွင့်ကတ်ပြား ပျောက်ဆုံးသွားပါသည်။ မည်ကဲ့သို့ ပြန်လည်လျှောက်ထားရမည်နည်း။

နေထိုင်ခွင့်ကတ်ပြား ပျောက်ဆုံးသွားပါက ပျောက်ဆုံးကြောင်း/ခိုးယူခံရကြောင်းကို ရဲစခန်းသို့ တိုင်ကြားရမည်ဖြစ်ပြီး ဒေသဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးသတင်းအချက်အလက်ဌာန၌ ပြန်လည်ထုတ်ပေးရန် 14 ရက်အတွင်း လျှောက်ထားရမည်ဖြစ်သည်။ သင်၏နေထိုင်ခွင့်ကတ်ပြား သိသိသာသာပျက်စီးသွားပါကလည်း ပြန်လည်ထုတ်ပေးရန်အတွက် လျှောက်ထားရန် လိုအပ်ပါသည်။ အထက်ဖော်ပြပါအကြောင်းအရင်းများအတွက် ပြန်လည်ထုတ်ပေးခြင်းသည် အခမဲ့ဖြစ်ပါသည်။ အခြားသောအကြောင်းအရင်းများအတွက် ပြန်လည်ထုတ်ပေးခြင်းသည် ယန်း 1,000 ကျသင့်မည်ဖြစ်သည်။

လိုအပ်သောစာရွက်စာတမ်းများမှာ အောက်ဖော်ြပပါအတိုင်းဖြစ်သည်။

  1. နေထိုင်ခွင့်ကတ်ပြား ပြန်လည်ထုတ်ပေးရန် လျှောက်လွှာ (ဒေသဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးသတင်းအချက်အလက်ဌာနများ၌ ရယူနိုင်ပါသည်)
  2. ဓာတ်ပုံ 1 ပုံ (W 3 cm x H 4 cm။ လျှောက်ထားသူ တစ်ဦးတည်းရိုက်ထားသောပုံ ဖြစ်ရပါမည်။ လွန်ခဲ့သောသုံးလအတွင်း ရိုက်ကူးထားသောပုံ ဖြစ်ရပါမည်။
    ဦးထုပ်ဆောင်းမထားရပါ။ နောက်ခံပြောင်ဖြစ်ရပါမည်။ အသက် 16 နှစ်အောက်ဖြစ်ပါက မလိုအပ်ပါ။)
  3. <နေထိုင်ခွင့်ကတ်ပြား ပျောက်ဆုံးသွားပါက> ပျောက်ဆုံးကြောင်း သက်သေပြထားသည့် စာရွက်စာတမ်း
    (ပိုင်ဆိုင်မှုပျောက်ဆုံးခြင်း/ခိုးယူခံရခြင်း လက်မှတ်၊ ဘေးအန္တရာယ်၏သားကောင်ဖြစ်ရခြင်းလက်မှတ် အစရှိသည်)
  4. <နေထိုင်ခွင့်ကတ် ရှိပါက> နေထိုင်ခွင့်ကတ်
  5. ပတ်စ်ပို့ သို့မဟုတ် နေထိုင်မှုအခြေအနေအတွက် အရည်အချင်းပြည့်မီကြောင်း လက်မှတ်
  6. <နေထိုင်ခွင့်ကတ်ပြား ပျောက်ဆုံးသွားပါက> ယခင်ခွင့်ပြုထားခဲ့သော နေထိုင်မှုအခြေအနေအရ ခွင့်ပြုထားသည့် လှုပ်ရှားမှုများမဟုတ်သော အခြားလှုပ်ရှားမှုတွင် ပါဝင်ရန်ခွင့်ပြုချက်

ပြန်ထိပ်

အာအိချိအပြည်ပြည်ဆိုင်ရာအသင်း
ဆန်းနော့မာရု တိုးချဲ့အဆောက်အအုံ၊ အာအိချိစီရင်စုနယ်အစိုးရ၊
2-6-1၊ဆန်းနော့မာရု နက-ခု၊ နဂိုယ 460-0001
ဖုန်း- 052-961-8744 / အီးမေးလ်- somu*aia.pref.aichi.jp (ခရေပွင့်သင်္ကေတ(*)ကို @ဖြင့် အစားထိုးပေးပါ။)
| ဆက်သွယ်ရန် | ဆိုက်မြေပုံ
(C)2011 AICHI INTERNATIONAL ASSOCIATION