TOP  >  MMR-TOP  >  ညှိနှိုင်းတိုင်ပင်မှုဆိုင်ရာ သာဓကများ  >  လူဝင်မှုကြီးကြပ်ရေး

ညှိနှိုင်းတိုင်ပင်မှုဆိုင်ရာ သာဓကများ


လူဝင်မှုကြီးကြပ်ရေး နေ့စဉ်ဘဝဆိုင်ရာ အချက်အလက်များ နိုင်ငံတကာနှီးနှောဖလှယ်မှု
နေထိုင်ခွင့်ကာလ သက်တမ်းတိုးခြင်း နေထိုင်မှုအခြေအနေ ပြောင်းလဲခြင်း ပတ်စ်ပို့ နေထိုင်ခွင့်ကတ် ယာယီပြန်ခြင်း
အမြဲတမ်းနေထိုင်ခွင့် နိင်ငံသားခံယူခြင်း

သက်ဆိုင်ရာအဖွဲ့အစည်းများစာရင်း / အညွှန်းသို့ပြန်သွားပါ

ကျွန်ုပ်၏နေထိုင်မှုအခြေအနေကို မည်ကဲ့သို့ပြောင်းလဲနိုင်မည်နည်း။

သင်၏နေထိုင်မှုအခြေအနေကို ပြောင်းလဲရန်အတွက် အောက်ဖော်ပြပါစာရွက်စာတမ်းများ လိုအပ်ပါသည်။
နေထိုင်ခွင့်ရှိသည့်ကာလအတွင်း နေထိုင်မှုအခြေအနေပြောင်းလဲရန်အတွက် အချိန်မရွေး လျှောက်ထားနိုင်ပါသည်။

  1. နေထိုင်ခွင့်ကာလသက်တမ်းတိုးလျှောက်လွှာ (ဒေသဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးသတင်းအချက်အလက်ဌာနများ၌ ဖောင်ပုံစံရယူနိုင်ပါသည်)
  2. ဓာတ်ပုံ 1 ပုံ (W 3 cm x H 4 cm။ လျှောက်ထားသူ တစ်ဦးတည်းရိုက်ထားသောပုံ ဖြစ်ရပါမည်။ လွန်ခဲ့သောသုံးလအတွင်း ရိုက်ကူးထားသောပုံ ဖြစ်ရပါမည်။ ဦးထုပ်ဆောင်းမထားရပါ။ နောက်ခံပြောင်ဖြစ်ရပါမည်။ အသက် 16 နှစ်အောက်ဖြစ်ပါက မလိုအပ်ပါ။)
  3. ဂျပန်နိုင်ငံ၌ သင်၏လုပ်ကိုင်ဆောင်ရွက်မှုကို သက်သေပြထားသော စာရွက်စာတမ်းများ (သင်၏နေထိုင်မှုအခြေအနေပေါ်မူတည်၍)
    (ဥပမာ) အာမခံစာ (ဂျပန်နိုင်ငံသား၏ အိမ်ထောင်ဖက် သို့မဟုတ် ရင်သွေးအတွက်၊ အမြဲတမ်းနေထိုင်သူ၏ အိမ်ထောင်ဖက် သို့မဟုတ် ရင်သွေးအတွက် သို့မဟုတ် ကာလရှည်နေထိုင်သူအတွက်)
  4. နေထိုင်ခွင့်ကတ် (ကာလတိုနေထိုင်သူများအတွက်မှလွဲ၍)
  5. ပတ်စ်ပို့ သို့မဟုတ် နေထိုင်မှုအခြေအနေအတွက် အရည်အချင်းပြည့်မီကြောင်း လက်မှတ်

နေထိုင်ခွင့်ရှိသည့်ကာလအတွင်း နေထိုင်မှုအခြေအနေပြောင်းလဲခြင်းအတွက် လျှောက်လွှာကို အချိန်မရွေး လျှောက်ထားနိုင်ပါသည်။ လျှောက်လွှာကို အတည်ပြုပါက ယန်း 4,000 ကျသင့်မည်ဖြစ်ပါသည်။ သတင်းအချက်အလက်များ ပိုမိုသိရှိနိုင်စေရန်အတွက် နာဂိုရဒေသဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးသတင်းအချက်အလက်ဌာန သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးသတင်းအချက်အလက်စင်တာသို့ ဆက်သွယ်ပါ။

အာအိချိအပြည်ပြည်ဆိုင်ရာအသင်း
ဆန်းနော့မာရု တိုးချဲ့အဆောက်အအုံ၊ အာအိချိစီရင်စုနယ်အစိုးရ၊
2-6-1၊ဆန်းနော့မာရု နက-ခု၊ နဂိုယ 460-0001
ဖုန်း- 052-961-8744 / အီးမေးလ်- somu*aia.pref.aichi.jp (ခရေပွင့်သင်္ကေတ(*)ကို @ဖြင့် အစားထိုးပေးပါ။)
| ဆက်သွယ်ရန် | ဆိုက်မြေပုံ
(C)2011 AICHI INTERNATIONAL ASSOCIATION